ထရန့် ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ် ပျက်ပြယ်

0
267

ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ အစီအစဉ်ထဲက တစ်ခုဖြစ်တဲ့ သမ္မတဟောင်း ဘားရတ်အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော်မတင်သွင်းခင်မှာပဲ ရီပတ်ပလစ်ကန် အမတ်တွေရဲ့ ကန့်ကွက်မှု ကြောင့် သူရဲ့ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေအသစ်ဟာ ပျက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ခုလို အခြေအနေ မဖြစ်ပွားခင် မနေ့က သောကြာနေ့က သမ္မတဒေါ်နယ်ထရန့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအသစ်ကို ထောက်ခံပေးကျဖို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်စာက တိုက်တွန်းပြောကြား ခဲ့ပါသေးတယ်။

လွှတ်တော်အတွင်း အဆိုပြု တင်သွင်းနိုင်ဖို့ အတွက် ရီပတ်ပလစ်ကန် အမတ်တွေရဲ့ ထောက်ခံအားပေးတဲ့ မဲအရေအတွက် မရှိခဲ့တာကြောင့် ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)