နာဆာ ဝန်ထမ်းဟောင်း လူမည်း အမျိုးသမီး သချင်္ာပညာရှင် ကွယ်လွန်

0
151


အမေရိကန် အာကာသ အေဂျင်စီ နာဆာမှာ သချင်္ာပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လူမည်း အမျိုးသမီး ကက်သရင်း ဂျွန်ဆင်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အသက် ၁၀၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ နာဆာက ကြေညာပါတယ်။


မစ္စ ဂျွန်ဆင်ဟာ ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကို လူ ပထမဆုံး သွားရောက်ဖို့ တွက်ချက်စဉ်က အဓိက ကူညီပေးခဲ့သူ ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ အော်စကာ အကယ်ဒမီဆုရ Hidden Figures ရုပ်ရှင်ကျမှ လူတွေ သိလာကြသူ ဖြစ်ပါတယ်။ Hidden Figures ရုပ်ရှင်ဟာ နာဆာမှာ အလုပ်လုပ်ခဲ့တဲ့ လူမည်း အမျိုးသမီး သုံးယောက် အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။


သူဟာ အမေရိကန် သူရဲကောင်းဖြစ်ပြီး မေ့မရနိုင်တဲ့ ရှေးဦး ဂန္ထဝင် တစ်ဦးဖြစ်ကြောင်း၊ သူ့ရဲ့ ကြိုးပမ်းမှု မပါရင် သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်မှာ မဟုတ်ကြောင်း နာဆာရဲ့ အုပ်ချုပ်ရေးမှူး ဂျင်မ် ဘရစ်ဒန်စတင်က ပြောပါတယ်။

နာဆာ ဝန်ထမ်းဟောင်း လူမည်း အမျိုးသမီး သင်္ချာပညာရှင် ကွယ်လွန်

အမေရိကန် အာကာသ အေဂျင်စီ နာဆာမှာ သင်္ချာပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လူမည်း အမျိုးသမီး ကက်သရင်း ဂျွန်ဆင်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အသက် ၁၀၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ နာဆာက ကြေညာပါတယ်။

မစ္စ ဂျွန်ဆင်ဟာ ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကို လူ ပထမဆုံး သွားရောက်ဖို့ တွက်ချက်စဉ်က အဓိက ကူညီပေးခဲ့သူ ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ အော်စကာ အကယ်ဒမီဆုရ Hidden Figures ရုပ်ရှင်ကျမှ လူတွေ သိလာကြသူ ဖြစ်ပါတယ်။ Hidden Figures ရုပ်ရှင်ဟာ နာဆာမှာ အလုပ်လုပ်ခဲ့တဲ့ လူမည်း အမျိုးသမီး သုံးယောက် အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူဟာ အမေရိကန် သူရဲကောင်းဖြစ်ပြီး မေ့မရနိုင်တဲ့ ရှေးဦး ဂန္ထဝင် တစ်ဦးဖြစ်ကြောင်း၊ သူ့ရဲ့ ကြိုးပမ်းမှု မပါရင် သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်မှာ မဟုတ်ကြောင်း နာဆာရဲ့ အုပ်ချုပ်ရေးမှူး ဂျင်မ် ဘရစ်ဒန်စတင်က ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)