ကိုရီးယားေတြ စုစည္းညီညြတ္ၾကဖို႔ ေျမာက္ကိုရီးယား ရွားရွားပါးပါး ေတာင္းဆို

0
2569

ျပည္တြင္း၊ ျပည္ပမွာ ရွိတဲ့ ကိုရီးယားေတြ စုစည္းညီညြတ္ၾကဖို႔နဲ႔ တျခားႏိုင္ငံေတြရဲ႕ အကူအညီ မပါဘဲ ညီညြတ္မႈ ေဖာ္ေဆာင္ၾကဖို႔ ေျမာက္ကိုရီးယားက ရွားရွားပါးပါး ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ေတာင္နဲ႔ ေျမာက္ကိုရီးယားၾကားမွာ ကိုရီးယားေတြဟာ အဆက္အသြယ္ေတြ တိုးျမွင့္တာ၊ အျပန္အလွန္ ခရီးသြားတာ၊ ပူးေပါင္းေဆာင္ရြက္တာေတြ လုပ္သင့္ေၾကာင္းနဲ႔ ကိုရီးယားကြ်န္းဆြယ္ ျပန္လည္ေပါင္းစည္းေရး စိန္ေခၚမႈေတြကို ၿဖိဳခြဲသြားမယ္လို႔ ေျမာက္ကိုရီးယား အစိုးရမီဒီယာက ထုတ္ျပန္ပါတယ္။

ႏွစ္ဘက္အစိုးရနဲ႔ ႏိုင္ငံေရးပါတီေတြ ပူးတြဲေတြ႔ဆံုၿပီးေနာက္ အခုလို ထုတ္ျပန္ခ်က္ ထြက္ေပၚလာတာျဖစ္ၿပီး စစ္ေရးတင္းမာမႈကို ေလွ်ာ့ခ်ဖို႔နဲ႔ ကိုရီးယားကြ်န္းဆြယ္မွာ ၿငိမ္းခ်မ္းတဲ့ ပတ္ဝန္းက်င္ ဖန္တီးေရးကိုလည္း ေဖာ္ျပထားပါတယ္။ ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံေရးနဲ႔ စုစည္းညီညြတ္ေရး တိုးတက္ဖို႔မွာ စစ္ေရးတင္းမာမႈက အေျခခံ အတားအဆီးျဖစ္တယ္လို႔ ေျမာက္ကိုရီးယားရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရီးယားတွေ စုစည်းညီညွတ်ကြဖို့ မြောက်ကိုရီးယား ရှားရှားပါးပါး တောင်းဆို

ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ ကိုရီးယားတွေ စုစည်းညီညွတ်ကြဖို့နဲ့ တခြားနိုင်ငံတွေရဲ့ အကူအညီ မပါဘဲ ညီညွတ်မှု ဖော်ဆောင်ကြဖို့ မြောက်ကိုရီးယားက ရှားရှားပါးပါး ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားကြားမှာ ကိုရီးယားတွေဟာ အဆက်အသွယ်တွေ တိုးမြှင့်တာ၊ အပြန်အလှန် ခရီးသွားတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သင့်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှုတွေကို ဖြိုခွဲသွားမယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။

နှစ်ဘက်အစိုးရနဲ့ နိုင်ငံရေးပါတီတွေ ပူးတွဲတွေ့ဆုံပြီးနောက် အခုလို ထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပြီး စစ်ရေးတင်းမာမှုကို လျှော့ချဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် ဖန်တီးရေးကိုလည်း ဖော်ပြထားပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စုစည်းညီညွတ်ရေး တိုးတက်ဖို့မှာ စစ်ရေးတင်းမာမှုက အခြေခံ အတားအဆီးဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)