ကမာၻေက်ာ္အဆုိေတာ္ ရွာကီရာ  အခြန္တိမ္းေရွာင္တယ္လို႔ စြပ္စြဲခံရ

0
2240

ကမာၻေက်ာ္ အဆုိေတာ္ ရွာကီရာဟာ အခြန္တိမ္းေရွာင္ခဲ့တယ္လို႔ စြပ္စြဲခံရၿပီး စပိန္အာဏာပိုင္ေတြရဲ႕ စံုစမ္းမႈကို ခံေနရပါတယ္။

ရွာကီရာဟာ စပိန္မွာ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ေနထိုင္ခဲ့စဥ္ အခြန္ေငြ တိမ္းေရွာင္ခဲ့တာ ျဖစ္တယ္လို႔ စပိန္ အခြန္အာဏာပိုင္ေတြက ေျပာပါတယ္။ ရွာကီရာနဲ႔ နီးစပ္သူေတြကေတာ့ ရွာကီရာဟာ အခြန္တိမ္းေရွာင္ခဲ့တာ မရွိဘဲ အဲဒီႏွစ္ေတြမွာ ရွာကီရာဟာ စပိန္မွာ မေနခဲ့ဘူးလို႔ တံု႔ျပန္ထားပါတယ္။

ကိုလံဘီယာ အဆုိေတာ္ဟာ ၂၀၁၅ ခုႏွစ္က ဘာဟာမက္္ၿမိဳ႕ကေန ဘာစီလိုနာၿမိဳ႕ကို တရားဝင္ ေျပာင္းေရႊ႕ေနထိုင္ခဲ့တယ္လို႔လည္း နီးစပ္သူေတြက ေျပာပါတယ္။ စပိန္ အခြန္အာဏာပုိင္ေတြက ရွာကီရာဟာ အေမရိကန္ေဒၚလာ ၁၀ သန္းေက်ာ္ အခြန္တိမ္းေရွာင္ထားတယ္လို႔ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာကျော်အဆိုတော် ရှာကီရာ အခွန်တိမ်းရှောင်တယ်လို့ စွပ်စွဲခံရ

ကမ္ဘာကျော် အဆိုတော် ရှာကီရာဟာ အခွန်တိမ်းရှောင်ခဲ့တယ်လို့ စွပ်စွဲခံရပြီး စပိန်အာဏာပိုင်တွေရဲ့ စုံစမ်းမှုကို ခံနေရပါတယ်။

ရှာကီရာဟာ စပိန်မှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း နေထိုင်ခဲ့စဉ် အခွန်ငွေ တိမ်းရှောင်ခဲ့တာ ဖြစ်တယ်လို့ စပိန် အခွန်အာဏာပိုင်တွေက ပြောပါတယ်။ ရှာကီရာနဲ့ နီးစပ်သူတွေကတော့ ရှာကီရာဟာ အခွန်တိမ်းရှောင်ခဲ့တာ မရှိဘဲ အဲဒီနှစ်တွေမှာ ရှာကီရာဟာ စပိန်မှာ မနေခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။

ကိုလံဘီယာ အဆိုတော်ဟာ ၂၀၁၅ ခုနှစ်က ဘာဟာမက်မြို့ကနေ ဘာစီလိုနာမြို့ကို တရားဝင် ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ စပိန် အခွန်အာဏာပိုင်တွေက ရှာကီရာဟာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အခွန်တိမ်းရှောင်ထားတယ်လို့ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)