အေမရိကန္ ကုိယ္ကာယ ေလ့က်င့္ေရး နည္းျပေဟာင္း ေထာင္ဒဏ္ ၁၇၅ ႏွစ္ အျပစ္ေပးခံရ

0
2349

အိုလံပစ္ၿပိဳင္ပြဲ အေမရိကန္အသင္းရဲ႕ ကုိယ္ကာယ ေလ့က်င့္ခန္းဆုိင္ရာ နည္းျပေဟာင္း လာရီ နက္ဆာဟာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈနဲ႔  ေထာင္ဒဏ္  ၁၇၅ ႏွစ္ အျပစ္ေပးခံရပါတယ္။  

နက္ဆာဟာ ၿပိဳင္ပြဲဝင္ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးေတြကို လိင္ပိုင္းဆုိင္ရာ က်ဴးလြန္ေစာ္ကားမႈေတြ လုပ္တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ သူ႔အမႈကို ၄ ရက္ၾကာ စံုစမ္းစစ္ေဆးၿပီး အေမရိကန္ တရား႐ံုးက ေထာင္ဒဏ္ ၁၇၅ ႏွစ္ အျပစ္ေပးလုိက္တာ ျဖစ္ပါတယ္။

နက္ဆာရဲ႕ အျပစ္ေပးခံရမႈဟာ အုိလံပစ္ၿပိဳင္ပြဲသမုိင္းမွာ အဆုိးရြားဆံုး ျဖစ္ပါတယ္။ အေမရိကန္ တရား႐ံုးက  နက္ဆာရဲ႕ ျပစ္မႈေတြအတြက္ ေထာင္အျပင္ဘက္မွာ ထားဖုိ႔ မထိုက္တန္ဘူးလို႔ ေျပာခဲ့ပါတယ္။ နက္ဆာဟာ သူရဲ႕အမႈေတြနဲ႔ ပတ္သက္လို႔ ေလွ်ာ့ေပါ့ေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ကိုယ်ကာယ လေ့ကျင့်ရေး နည်းပြဟောင်း ထောင်ဒဏ် ၁၇၅ နှစ် အပြစ်ပေးခံရ

အိုလံပစ်ပြိုင်ပွဲ အမေရိကန်အသင်းရဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းဆိုင်ရာ နည်းပြဟောင်း လာရီ နက်ဆာဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၁၇၅ နှစ် အပြစ်ပေးခံရပါတယ်။

နက်ဆာဟာ ပြိုင်ပွဲဝင် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ လုပ်တယ်လို့ စွပ်စွဲခံရပြီးနောက် သူ့အမှုကို ၄ ရက်ကြာ စုံစမ်းစစ်ဆေးပြီး အမေရိကန် တရားရုံးက ထောင်ဒဏ် ၁၇၅ နှစ် အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

နက်ဆာရဲ့ အပြစ်ပေးခံရမှုဟာ အိုလံပစ်ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ အမေရိကန် တရားရုံးက နက်ဆာရဲ့ ပြစ်မှုတွေအတွက် ထောင်အပြင်ဘက်မှာ ထားဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ နက်ဆာဟာ သူရဲ့အမှုတွေနဲ့ ပတ်သက်လို့ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)