ေတာင္ကိုရီးယားဆီ ေျမာက္ကိုရီးယား ယဥ္ေက်းမႈနဲ႔ ဂီတအဖြဲ႔ဝင္ ၁၄၀ ဦး ေစလႊတ္မယ္

0
2236


ေတာင္ကိုရီးယားႏုိင္ငံမွာ လမယ့္လအတြင္း က်င္းပမယ့္ အိုလံပစ္ၿပိဳင္ပြဲမွာ ေျမာက္ကိုရီးယား ႏုိင္ငံက   အဆုိေတာ္၊ အကမယ္၊ ဂီတသမားေတြ ပါဝင္ဆင္ႏႊဲသြားမွာ ျဖစ္ၿပီး အဖြဲ႔ဝင္ ၁၄၀ ဦး ေစလႊတ္မွာ ျဖစ္ပါတယ္။  

အုိလံပစ္ၿပိဳင္ပြဲမွာ ေျမာက္ကိုရီးယား ဂီတအဖြဲ႔က ပါဝင္ဆင္ႏႊြဲသြားမွာ ျဖစ္တယ္လုိ႔  ေတာင္ကိုရီးယား ေပါင္းစည္းေရးဝန္ႀကီးက ေျပာပါတယ္။ ေျမာက္ကိုရီးယား ဂီတနဲ႔ ယဥ္ေက်းမႈအဖြဲ႔ဝင္ေတြဟာ အိုလံပစ္ၿပိဳင္ပြဲဖြင့္ပြဲနဲ႔ ဆုိလ္းၿမိဳ႕ ေဟယိုရီယမ္ အမ်ိဳးသား ျပဇာတ္႐ံုႀကီးမွာ ကျပေဖ်ာ္ေျဖသြားမွာလည္း ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ဂီတနဲ႔ ယဥ္ေက်းမႈအဖြဲ႔ေတြဟာ ေတာင္ကိုရီးယား ႏုိင္ငံဆီ ေဖေဖာ္ဝါရီ ၆ ရက္ေန႔မွာ ေရာက္ရွိမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ ေျမာက္ကိုရီးယားကို ျပန္မယ္လုိ႔ ေတာင္ကုိရီးယား  အာဏာပိုင္ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားဆီ မြောက်ကိုရီးယား ယဉ်ကျေးမှုနဲ့ ဂီတအဖွဲ့ဝင် ၁၄၀ ဦး စေလွှတ်မယ်

တောင်ကိုရီးယားနိုင်ငံမှာ လမယ့်လအတွင်း ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား နိုင်ငံက အဆိုတော်၊ အကမယ်၊ ဂီတသမားတွေ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပြီး အဖွဲ့ဝင် ၁၄၀ ဦး စေလွှတ်မှာ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ဂီတအဖွဲ့က ပါဝင်ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယား ဂီတနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင်တွေဟာ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲနဲ့ ဆိုလ်းမြို့ ဟေယိုရီယမ် အမျိုးသား ပြဇာတ်ရုံကြီးမှာ ကပြဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား ဂီတနဲ့ ယဉ်ကျေးမှုအဖွဲ့တွေဟာ တောင်ကိုရီးယား နိုင်ငံဆီ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြောက်ကိုရီးယားကို ပြန်မယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)