
0
389




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖဂန်နစ္စတန်မှာ Save the Children အဖွဲ့ လုပ်ငန်းတွေ ဆိုင်းငံ့

ဗြိတိန်နိုင်ငံအခြေစိုက် Save the Children အဖွဲ့ဟာ ဂျာလာလာဘတ်မြို့ရှိ ရုံးကို တိုက်ခိုက်ခံရပြီးနောက် အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်းမှာ လုပ်ကိုင်နေတဲ့ အစီအစဉ်တွေကို ယာယီဆိုင်းငံ့လိုက်ပါတယ်။

IS စစ်သွေးကြွအဖွဲ့တွေက မနေ့က ဇန်နဝါရီ ၂၄ မှာ အဲဒီအဖွဲ့ရုံးရှေ့မှာ ဗုံးခွဲပြီး ရုံးထဲကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ဝန်ထမ်း သုံးဦးနဲ့ စစ်သားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ရုံးအဆောက်အဦး အတွင်းမှာ ရှိနေတဲ့ လူ ၄၆ ဦးကိုတော့ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်လို့ တုန်လှုပ်မှုဖြစ်ရသလို စိုးရိမ်ကြောက်ရွံမှုတွေ ဖြစ်ရတယ်လို့ Save the Children အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)