ေစ်းဝယ္သြားရင္း အိမ္သာထဲမွာ ကေလးေမြးခဲ့ရ

0
441

မေလးရွားႏိုင္ငံမွာ အသက္ ၁၅ ႏွစ္ အရြယ္ရွိ မိန္းကေလးတစ္ဦးဟာ မိသားစုနဲ႔တူ ေစ်းဝယ္စင္တာကို သြားေရာက္ခ်ိန္မွာ အိမ္သာအတြင္း ကေလးေမြးခဲ့ရတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။  

အသက္ ၁၅ ႏွစ္အရြယ္ရွိ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာ ကုိတာကီနာဘာလူ ေစ်းဝယ္စင္တာကို ဖခင္၊ မိခင္၊ အစ္ကိုတုိ႔နဲ႔ သြားေရာက္ခဲ့တာျဖစ္ၿပီး ဗိုက္နာလာလို႔ အိမ္သာထဲကို သြားေရာက္ခဲ့ပါတယ္။ မိခင္ျဖစ္သူက သမီးျဖစ္သူ ျပန္မလာတာေၾကာင့္ အိမ္သာထဲကို လိုက္သြားခ်ိန္မွာ သမီးရဲ႕ လက္ထဲမွာ ေမြးကင္းစ ကေလးငယ္တစ္ဦးကို ေတြ႔ခဲ့တယ္လို႔ ဆုိပါတယ္။

မိခင္က ခင္ပြန္းသည္ကို အသိေပးၿပီး သမီးနဲ႔ ကေလးကို ေဆး႐ံုပို႔ခဲ့ရတယ္လုိ႔ မီဒီယာေတြက ေဖာ္ျပပါတယ္။  မိဘေတြဟာ သမီးျဖစ္သူမွာ ကိုယ္ဝန္ရွိေနတာ မသိဘူးလို႔ ဆိုပါတယ္။ အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလးက သူဟာ အသက္ ၁၇ ႏွစ္ အရြယ္ရွိ အမ်ိဳးသားတစ္ဦးနဲ႔ လိင္ဆက္ဆံခဲ့ဖူးတယ္လို႔ ဝန္ခံခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဈေးဝယ်သွားရင်း အိမ်သာထဲမှာ ကလေးမွေးခဲ့ရ

မလေးရှားနိုင်ငံမှာ အသက် ၁၅ နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦးဟာ မိသားစုနဲ့တူ ဈေးဝယ်စင်တာကို သွားရောက်ချိန်မှာ အိမ်သာအတွင်း ကလေးမွေးခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

အသက် ၁၅ နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကိုတာကီနာဘာလူ ဈေးဝယ်စင်တာကို ဖခင်၊ မိခင်၊ အစ်ကိုတို့နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ဗိုက်နာလာလို့ အိမ်သာထဲကို သွားရောက်ခဲ့ပါတယ်။ မိခင်ဖြစ်သူက သမီးဖြစ်သူ ပြန်မလာတာကြောင့် အိမ်သာထဲကို လိုက်သွားချိန်မှာ သမီးရဲ့ လက်ထဲမှာ မွေးကင်းစ ကလေးငယ်တစ်ဦးကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

မိခင်က ခင်ပွန်းသည်ကို အသိပေးပြီး သမီးနဲ့ ကလေးကို ဆေးရုံပို့ခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ မိဘတွေဟာ သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေတာ မသိဘူးလို့ ဆိုပါတယ်။ အသက် ၁၅ နှစ်အရွယ် မိန်းကလေးက သူဟာ အသက် ၁၇ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)