ဂ်ပန္အမ်ိဳးသမီး ကုိယ္စားလွယ္ေတြ လႊတ္ေတာ္ထဲကို  ကေလးေခၚခြင့္ ပိတ္ပင္

0
544

ဂ်ပန္ႏုိင္ငံမွာ အမ်ိဳးသမီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ အေဆာက္အဦထဲ ကေလးေတြ ေခၚေဆာင္လာတာကို တားျမစ္လုိက္ပါတယ္။  

ဂ်ပန္ အမ်ိဳးသမီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဟာ  ကေလးေတြကို လႊတ္ေတာ္ထဲ ေခၚေဆာင္တာေတြ ရွိခဲ့ၿပီးေနာက္ တားျမစ္ပိတ္ပင္လုိက္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက  အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ ယူကာအိုဂါတာဟာ သူ႔ရဲ႕ အသက္ ၇ လအရြယ္ ကေလးကို လႊတ္ေတာ္ထဲ ေခၚေဆာင္လာၿပီးေနာက္ တျခားလႊတ္ေတာ္ ကိုယယ္စားလွယ္ေတြက သူ႔ကို လႊတ္ေတာ္ထဲကေန ထြက္သြားဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။

ဥပေဒ အရ လႊတ္ေတာ္ထဲကို ကိုယ္စားလွယ္တစ္ဦးသာ ဝင္ဖုိ႔ ခြင့္ျပဳထားတယ္လို႔ ဂ်ပန္မီဒီယာေတြကာ ေဖာ္ျပပါတယ္။  အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္  ယူကာအုိဂါတာဟာ လႊတ္ေတာ္ထဲကေန ကေလးကို သူငယ္ခ်င္းဆီ သြားပို႔ခဲ့ရတာေၾကာင့္ လႊတ္ေတာ္ အစည္းအေဝးကို မိနစ္ ၄၀ ေနာက္က်ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်အမျိုးသမီး ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ကလေးခေါ်ခွင့် ပိတ်င်

ဂျပန်နိုင်ငံမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် အဆောက်အဦထဲ ကလေးတွေ ခေါ်ဆောင်လာတာကို တားမြစ်လိုက်ပါတယ်။

ဂျပန် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကလေးတွေကို လွှတ်တော်ထဲ ခေါ်ဆောင်တာတွေ ရှိခဲ့ပြီးနောက် တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ယူကာအိုဂါတာဟာ သူ့ရဲ့ အသက် ၇ လအရွယ် ကလေးကို လွှတ်တော်ထဲ ခေါ်ဆောင်လာပြီးနောက် တခြားလွှတ်တော် ကိုယယ်စားလှယ်တွေက သူ့ကို လွှတ်တော်ထဲကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

ဥပဒေ အရ လွှတ်တော်ထဲကို ကိုယ်စားလှယ်တစ်ဦးသာ ဝင်ဖို့ ခွင့်ပြုထားတယ်လို့ ဂျပန်မီဒီယာတွေကာ ဖော်ပြပါတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ယူကာအိုဂါတာဟာ လွှတ်တော်ထဲကနေ ကလေးကို သူငယ်ချင်းဆီ သွားပို့ခဲ့ရတာကြောင့် လွှတ်တော် အစည်းအဝေးကို မိနစ် ၄၀ နောက်ကျခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)