
0
414




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားမှာ လေဆင်နှာမောင်းတိုက်ခတ်၊ ၃၅ ဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားပြည်နယ်မှာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ လူပေါင်း ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ပေါင်း ၆၀ဝ လောက် ပျက်စီးခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်မှုနှုန်းဟာ တစ်နာရီကို ၄၅ မိုင်နှုန်းရှိပြီး ကျေးရွာ ၃ ရွာလောက် ပြင်းပြင်းထန်ထန် ဒဏ်ခံလိုက်ရပါတယ်။

အခု တိုက်ခတ်မှုဟာ ဒီနှစ်အတွင်းမှာ နှစ်ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁၀ဝ လောက်ကို စာသင်ကျောင်းဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)