႐ုရွားထုတ္ စစ္လက္နက္ေတြကို ႏိုင္ငံအမ်ားျပား ဝယ္ယူခဲ့

0
360

႐ုရွားႏုိင္ငံလုပ္ လက္နက္ေတြကို ႏုိင္ငံအမ်ားျပားက ဝယ္ယူခဲ့တယ္လုိ႔ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္က  ထုတ္ေဖာ္ ေျပာဆုိလိုက္ပါတယ္။  

႐ုရွားသမၼတက ၂၀၁၇ ခုႏွစ္အတြင္းမွာပဲ ႐ုရွားႏုိင္ငံက ထုတ္လုပ္တဲ့ စစ္လက္နက္ ပစၥည္းေတြကို ဝယ္ယူတဲ့ႏုိင္ငံေပါင္း ၅၉ ႏုိင္ငံ ရွိခဲ့တယ္လို႔ ေျပာပါတယ္။

႐ုရွားသမၼတက စစ္ပစၥည္းေတြကို ဝယ္ယူတဲ့ ႏုိင္ငံေတြေၾကာင့္ ႐ုရွားႏုိင္ငံက လက္နက္ေတြ ထုတ္လုပ္မႈ က်ဆင္းျခင္း မရွိခဲ့ဘူးလို႔ ေျပာပါတယ္။ ႐ုရွားႏုိင္ငံနဲ႔ စစ္ဘက္ နည္းပညာပိုင္း ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေနတဲ့ႏုိင္ငံေပါင္း ၈၀ ရွိတယ္လို႔လည္း ေျပာပါတယ္။  

 

႐ုရွားႏုိင္ငံဟာ လက္ရွိမွာ စစ္လက္နက္ပစၥည္း အရည္ေသြးပိုင္း ပိုမုိေကာင္းမြန္ေအာင္ လုပ္ေဆာင္ေနၿပီး  စစ္လက္နက္ပစၥည္း  ျပည္ပတင္ပိုတဲ့ ႏုိင္ငံေတြ စာရင္းေတြထဲ ထိပ္ဆံုးမွာ ရပ္တည္ဖုိ႔ ႐ုရွားက စီစဥ္ေနပါတယ္။ ႐ုရွားသမၼတက စစ္ဘက္နဲ႔ ေရတပ္ဟာ ပိုမုိေကာင္းမြန္တဲ့ စစ္လက္နက္သံုးပစၥည္းေတြ ပိုင္ဆုိင္ထားတယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားထုတ် စစ်လက်နက်တွေကို နိုင်ငံအများပြား ဝယ်ယူခဲ့

ရုရှားနိုင်ငံလုပ် လက်နက်တွေကို နိုင်ငံအများပြားက ဝယ်ယူခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတက ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို ဝယ်ယူတဲ့နိုင်ငံပေါင်း ၅၉ နိုင်ငံ ရှိခဲ့တယ်လို့ ပြောပါတယ်။

ရုရှားသမ္မတက စစ်ပစ္စည်းတွေကို ဝယ်ယူတဲ့ နိုင်ငံတွေကြောင့် ရုရှားနိုင်ငံက လက်နက်တွေ ထုတ်လုပ်မှု ကျဆင်းခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။ ရုရှားနိုင်ငံနဲ့ စစ်ဘက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတဲ့နိုင်ငံပေါင်း ၈၀ ရှိတယ်လို့လည်း ပြောပါတယ်။

ရုရှားနိုင်ငံဟာ လက်ရှိမှာ စစ်လက်နက်ပစ္စည်း အရည်သွေးပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေပြီး စစ်လက်နက်ပစ္စည်း ပြည်ပတင်ပိုတဲ့ နိုင်ငံတွေ စာရင်းတွေထဲ ထိပ်ဆုံးမှာ ရပ်တည်ဖို့ ရုရှားက စီစဉ်နေပါတယ်။ ရုရှားသမ္မတက စစ်ဘက်နဲ့ ရေတပ်ဟာ ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်သုံးပစ္စည်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)