ဘရာဇီးတုိက္စစ္မႉးေဟာင္း ေရာ္ဘင္ဟို ေထာင္ဒဏ္ ၉ ႏွစ္ ျပစ္ဒဏ္ခ်ခံရ

0
446

ဘရာဇီးနဲ႔ ေအစီမီလန္ တုိက္စစ္မႉးေဟာင္း ေရာ္ဘင္ဟိုဟာ ၂၀၁၃ ခုႏွစ္မွာ လိင္ပိုင္းဆုိင္ရာ က်ဴးလြန္ေစာ္ကားမႈေတြ ျပဳလုပ္ခဲ့တာ ထင္ရွားတဲ့အတြက္ အီတလီ တရား႐ံုးက ေထာင္ဒဏ္ ၉ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

ဘရာဇီးကလပ္  အက္သလက္တီကို မီနီ႐ိုအသင္းမွာ ကစားေနတဲ့ ေရာ္ဘင္ဟိုဟာ  ေထာင္ဒဏ္အျပင္ ယူ႐ို  ၆ ေသာင္း ေပးေဆာင္ဖုိ႔  အမိန္႔ခ်မွတ္ခံခဲ့ရပါတယ္။ ေရာ္ဘင္ဟိုဟာ ၂၀၁၃ ခုႏွစ္က မီလန္ၿမိဳ႕ ႏုိက္ကလပ္တစ္ခုမွာ အမ်ိဳးသမီးတစ္ဦးကို လိင္ပိုင္းဆုိင္ရာ က်ဴးလြန္ေစာ္ကားခဲ့တာ ျဖစ္ပါတယ္။

အီတလီ တရားေရးစနစ္အရ ေရာ္ဘင္ဟိုဟာ သူရဲ႕ ျပစ္မႈကို အႀကိမ္မ်ားစြာ အယူခံဝင္ခြင့္ရွိပါတယ္။  တုိက္စစ္မႉး ေရာ္ဘင္ဟုိကေတာ့ သူ႔အေနနဲ႔  စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လုိ႔ အမွားအယြင္း က်ဴးလြန္းခဲ့တာ မရွိဘူးလို႔ တံု႔ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်ဘင်ဟို ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ်ချခံရ

ဘရာဇီးနဲ့ အေစီမီလန် တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုဟာ ၂၀၁၃ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ ပြုလုပ်ခဲ့တာ ထင်ရှားတဲ့အတွက် အီတလီ တရားရုံးက ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဘရာဇီးကလပ် အက်သလက်တီကို မီနီရိုအသင်းမှာ ကစားနေတဲ့ ရော်ဘင်ဟိုဟာ ထောင်ဒဏ်အပြင် ယူရို ၆ သောင်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ ရော်ဘင်ဟိုဟာ ၂၀၁၃ ခုနှစ်က မီလန်မြို့ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့တာ ဖြစ်ပါတယ်။

အီတလီ တရားရေးစနစ်အရ ရော်ဘင်ဟိုဟာ သူရဲ့ ပြစ်မှုကို အကြိမ်များစွာ အယူခံဝင်ခွင့်ရှိပါတယ်။ တိုက်စစ်မှူး ရော်ဘင်ဟိုကတော့ သူ့အနေနဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အမှားအယွင်း ကျူးလွန်းခဲ့တာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)