သူပုန္အဖြဲ႔နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ဖိလစ္ပိုင္ သမၼတ  ရပ္စဲ

0
444

ဖိလစ္ပိုင္ သမၼတ ဒူတာေတးက ေမာ္ဝါဒီ သူပုန္အဖြဲ႔နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြကို ရပ္စဲ လိုက္ပါတယ္။  

သမၼတ႐ံုး ေျပာေရးဆုိခြင့္ရွိသူ ဟာရီ႐ိုကြက္ဇ္က သမၼတဟာ သူရဲ႕ အစိုးရသက္တမ္း ကာလအတြင္း  ၿငိမ္းခ်မ္းေရး ရယူႏုိင္ဖုိ႔ လုိလားတာေၾကာင့္ သူပုန္အဖြဲ႔နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ခရီးလမ္းရွည္ကို စတင္ေလွ်ာက္လွမ္းခဲ့တာ ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးခ်ိန္မွာ သူပုန္အဖြဲ႔ရဲ႕ ကိုယ္စားလွယ္ေတြဟာ ၿငိမ္းခ်မ္းေရး ရည္ရြယ္ခ်က္နဲ႔ အာ႐ံုစိုက္မႈ ေလ်ာ့နည္းခဲ့တယ္လို႔ ေျပာပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံမွာ ရာစုႏွစ္ဝက္ေက်ာ္ ျဖစ္ခဲ့တဲ့ စစ္ပြဲေတြကို အဆံုးသတ္ႏုိင္ဖုိ႔  သမၼတ ဒူတာေတး လက္ထက္မွာ  ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာ ျဖစ္ခဲ့တဲ့ စစ္ပြဲေတြေၾကာင့္ လူေပါင္း ၄ ေသာင္းေက်ာ္ ေသဆံုးခဲ့ၿပီး သိန္းခ်ီတဲ့လူေတြ  အိုးအိမ္မဲ့ျဖစ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖိလစ်ပိုင် သမ္မတ ရပ်စဲ

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မော်ဝါဒီ သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်စဲ လိုက်ပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကွက်ဇ်က သမ္မတဟာ သူရဲ့ အစိုးရသက်တမ်း ကာလအတွင်း ငြိမ်းချမ်းရေး ရယူနိုင်ဖို့ လိုလားတာကြောင့် သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးလမ်းရှည်ကို စတင်လျှောက်လှမ်းခဲ့တာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးချိန်မှာ သူပုန်အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်နဲ့ အာရုံစိုက်မှု လျော့နည်းခဲ့တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို အဆုံးသတ်နိုင်ဖို့ သမ္မတ ဒူတာတေး လက်ထက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့ပြီး သိန်းချီတဲ့လူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)