
0
344





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ဒေါ်လာ သန်း ၉၀ကျော် သုံးစွဲထားသည့် ထိုင်းဘုရင်၏ ဈာပနအခမ်းအနား

ပြီးခဲ့တဲ့ နှစ်က ကံတော်ကုန်ခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘော ရဲ့ ဈာပနအခမ်းအနားကို အခုလ ၂၅ ရက်မှ ၂၉ ရက်ထိ ငါးရက်ကြာ ကျင်းပမှာဖြစ်ပြီး အခုဆို ကျင်းပဖို့ ပြင်ဆင်မှုတွေပြီးစီးနေပြီဖြစ်လို့ အခမ်းအနားစတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဒီဈာပနအခမ်းအနားမှာပန်းပုလက်ရာအရုပ်ပေါင်း (၅၀ဝ)ကျော်နဲ့ တန်ဆာဆင် ထားပြီး ၎င်းပန်းပုရုပ်များကို နေ့စဉ်ပြုလုပ်လျှက်ရှိသလို အချို့သော အရုပ်များမှာ နှစ် နှင့်ချီ လနှင့်ချီကာ လုပ်ရသော ပန်းပုရုပ်များလည်းပါဝင်သည်။

ဘူမီဘောဆိုတဲ့ အမည်ရဲ့ အဓိပ္ဗာယ်ဟာ “တိုင်းပြည်ရဲ့ တန်ခိုး အရှိန်အဝါ” ဟု အဓိပ္ဗာယ်ရကြောင်း ပန်းပုရုပ်ထုများကို အရွယ်အစားမျိုးစုံ ထုလုပ်သလို သက်ရှိလူသို့မဟုတ် တိရစ္ဆာန် တို့၏ အရွယ်အစားအတိုင်းတူအောင်ထုလုပ်ထားပြီး ဒီအရုပ်များထဲတွင် ထိုင်းဘုရင်ဘူမိဘော၏ အချစ်တော်ခွေးနှစ်ကောင်ရဲ့ ရုပ်ထုလည်းပါဝင်ထုလုပ်ထားသည်။

ဈာပနအခမ်းအနားတွင် ပန်းပုရုပ်များအပြင် ပန်းချီများ၊ ဆေးဆိုးပန်းရိုက်အနုပညာများနှင့် အခြား လက်မှုပညာလက်ရာများနှင့် တန်ဆာဆင်ထားပြီး ဒီတန်ဆာဆင်မှုအနုပညာများအတွက် အနုပညာသမား ရာကျော်က စုပေါင်းဖန်တီးမှုတွေနဲ့ စုပေါင်းပါဝင်ကြတာဖြစ်ပြီး ဒီလိုခမ်းနားတဲ့ ဈာပနပွဲအတွက် ထိုင်းအစိုးရက ထိုင်းအစိုးရက အမေရိကန်ဒေါ်လာ သန်း(၉၀)ကျော်သုံးစွဲကာ ပြင်ဆင်မွမ်းမံနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)