ဖိလစ္ပိုင္ ေျမၿပိဳမႈ ေသဆံုးသူ ၉၅ ဦး ရွိၿပီ

0
865

ဖိလစ္ပိုင္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က ျဖစ္ပြားခဲ့တဲ့ ေျမၿပိဳမႈ ၂ ခုေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၉၅ ဦး ရွိသြားၿပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ဖိလစ္ပိုင္ ေျမာက္ပိုင္းရွိ ဘင္းဂတ္ ျပည္နယ္၊ အီတိုဂြန္ၿမိဳ႕က သတၱဳတြင္းမွာ အေလာင္း ၄၉ ေလာင္း မေန႔က စက္တင္ဘာ ၂၃ ရက္ေန႔မွာ ရွာေတြ႔ခဲ့ပါတယ္။ က်န္ အေလာင္းေတြကေတာ့ ဆီဘူးျပည္နယ္၊ နာဂါၿမိဳ႕ရွိ ေျမၿပိဳတဲ့ေနရာမွာ တူးေဖာ္ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

အီတိုဂြန္ၿမိဳ႕မွာ ေပ်ာက္ဆံုးေနသူ ၁၉ ဦး ရွိေနေသးတယ္လို႔ ကယ္ဆယ္ေရး အရာရွိေတြက ေျပာပါတယ္။ ျပင္းထန္တဲ့ မန္းကြတ္ မုန္တိုင္းေၾကာင့္ တိမ္းေရွာင္ ေနထိုင္ေနတဲ့ သတၱဳတြင္း လုပ္သားေတြရဲ႕ အိမ္ေတြအေပၚ ေျမၿပိဳက်မႈေတြ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် မြေပြိုမှု သေဆုံးသူ ၉၅ ဦး ရှိပြီ

ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှု ၂ ခုကြောင့် သေဆုံးသူ စုစုပေါင်း ၉၅ ဦး ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖိလစ်ပိုင် မြောက်ပိုင်းရှိ ဘင်းဂတ် ပြည်နယ်၊ အီတိုဂွန်မြို့က သတ္တုတွင်းမှာ အလောင်း ၄၉ လောင်း မနေ့က စက်တင်ဘာ ၂၃ ရက်နေ့မှာ ရှာတွေ့ခဲ့ပါတယ်။ ကျန် အလောင်းတွေကတော့ ဆီဘူးပြည်နယ်၊ နာဂါ မြို့ရှိ မြေပြိုတဲ့နေရာမှာ တူးဖော် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အီတိုဂွန်မြို့မှာ ပျောက်ဆုံးနေသူ ၁၉ ဦး ရှိနေသေးတယ်လို့ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ ပြင်းထန်တဲ့ မန်းကွတ် မုန်တိုင်းကြောင့် တိမ်းရှောင် နေထိုင်နေတဲ့ သတ္တုတွင်း လုပ်သားတွေရဲ့ အိမ်တွေအပေါ် မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)