ထိုင္းႏိုင္ငံေရးေလာကကို ၀င္ဖုိ႔ ၀န္ၾကီးခ်ဳပ္ ခ်န္အုိခ်ာ စိတ္၀င္စား

0
1410

ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေနတဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာယြတ္ခ်န္အုိခ်ာက သူ႔အေနနဲ႔ ထုိင္းႏုိင္ငံေရး ေလာကထဲကို ဝင္ေရာက္ဖုိ႔ စိတ္ဝင္စားတယ္လို႔ ဝန္ခံေျပာဆုိလုိက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ခ်န္အိုခ်ာဟာ သူရဲ႕ ႏုိင္ငံေရးရည္မွန္းခ်က္ေတြနဲ႔ ပတ္သက္လို႔ ေျပာဆုိခ်ိန္မွာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ခ်န္အုိခ်ာဟာ ထုိင္းႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးခ်ိန္ ေနာက္ပိုင္းတည္းက ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ယူေနခဲ့သူ ျဖစ္ပါတယ္။

ထုိင္းႏုိင္ငံကို ခ်စ္တာေၾကာင့္ ႏုိင္ငံေရးေလာကထဲကို ဝင္ဖုိ႔ စိတ္၀င္စားေပမယ့္ အစီစဥ္ အေသးစိတ္ကို ေနာက္ပိုင္းမွသာ အတိအက် ထုတ္ေျပာမယ္လို႔ ဝန္ႀကီးခ်ဳပ္ ခ်န္အုိခ်ာက ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ ခ်န္အုိခ်ာက လက္ရွိအခ်ိန္မွာ အစိုးရအဖြဲ႔ကို ဖ်က္သိမ္းဖုိ႔ အစီအစဥ္ မရွိေသးေၾကာင္း၊ လက္ရွိအခ်ိန္မွာ ေရြးေကာက္ပြဲ ဝင္ႏုိင္ဖုိ႔ ဘယ္ပါတီကို ကုိယ္စားျပဳရမလဲဆုိတာကို စဥ္းစားေနေၾကာင္း ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံရေးလောကို ဝင်ဖို့ ဝန်ကြီးချုပ် ချန်အိုချာ စိတ်ဝင်စား

ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာက သူ့အနေနဲ့ ထိုင်းနိုင်ငံရေး လောကထဲကို ဝင်ရောက်ဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် ချန်အိုချာဟာ သူရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ပြောဆိုချိန်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ချန်အိုချာဟာ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန် နောက်ပိုင်းတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေခဲ့သူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ချစ်တာကြောင့် နိုင်ငံရေးလောကထဲကို ဝင်ဖို့ စိတ်ဝင်စားပေမယ့် အစီစဉ် အသေးစိတ်ကို နောက်ပိုင်းမှသာ အတိအကျ ထုတ်ပြောမယ်လို့ ဝန်ကြီးချုပ် ချန်အိုချာက ပြောပါတယ်။ ဝန်ကြီးချုပ် ချန်အိုချာက လက်ရှိအချိန်မှာ အစိုးရအဖွဲ့ကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိသေးကြောင်း၊ လက်ရှိအချိန်မှာ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ဘယ်ပါတီကို ကိုယ်စားပြုရမလဲဆိုတာကို စဉ်းစားနေကြောင်း ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)