
0
1672




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွစ်ဇာလန် သင်္ဘောကို ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲ

ပင်လယ်ဓားပြတွေဟာ နိုင်ဂျီးရီးယား ရေပိုင်နက်မှာ ဆွစ်ဇာလန် သင်္ဘောက သင်္ဘောသားတွေကို ပြန်ပေးဆွဲခဲ့ပါတယ်။

ဆွစ်ဇာလန် သင်္ဘော အမ်ဗီ ဂလာရုစ်ဟာ နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့ကနေ ဟာကုတ်ဆိပ်ကမ်းဆီ ဂျုံတွေ တင်ဆောင် ပြန်လာချိန်မှာ ဓားပြအဖွဲ့ရဲ့ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။ သင်္ဘောမှာပါတဲ့ သင်္ဘောသား ၁၉ ဦးအနက် ၁၂ ဦးကို ပြန်ပေးဆွဲသွားပါတယ်။

ဓားပြတွေဟာ သင်္ဘောရှိ ဆက်သွယ်ရေး ကိရိယာတွေကို ဖျက်ဆီးခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။ သင်္ဘောသား ၇ ဦးက ဖိလစ်ပိုင်က ဖြစ်ပြီး ကျန် သင်္ဘောသားတွေက ဆလိုဗေးနီယား၊ ယူကရိန်း၊ ရိုမေးနီးယား၊ ခရိုအေးရှားနဲ့ ဘော့စနီးယားတို့က ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)