ဗီယက်နမ် သမ္မတ ကွယ်လွန်မှု ၂ ရက်ကြာ ဝမ်းနည်းမှု အထိမ်းအမှတ် လုပ်မယ်

0
1028




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ် သမ္မတ ကွယ်လွန်မှု ၂ ရက်ကြာ ဝမ်းနည်းမှု အထိမ်းမှတ် လုပ်မယ်

ဗီယက်နမ် သမ္မတ သေဆုံးမှုကို နိုင်ငံတော်အဆင့် ဈာပန ကျင်းပမှာဖြစ်ပြီး ဝမ်းနည်းမှု အထိမ်းအမှတ် ၂ ရက်ကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဗီယက်နမ် သမ္မတ ကျန်ဒိုင်ကွမ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့က ရုတ်တရက် အပြင်းဖျားကာ ဟနွိုင်းမြို့ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဝမ်းနည်းခြင်း အထိမ်းမှတ်အဖြစ် နိုင်ငံတော် အလံတွေ တစ်ဝက်လွှင့်ထူမှာဖြစ်ပြီး ဖျော်ဖြေရေး လုပ်ငန်းတွေကိုလည်း ၂ ရက်ကြာ ပိတ်ထားမှာ ဖြစ်ပါတယ်။

ဗီယက်နမ် သမ္မတ ကျန်ဒိုင်ကွမ်ရဲ့ ရုပ်အလောင်းကို လာမယ့်ရက်ပိုင်းမှာ သူရဲ့ မွေးရပ်မြေ နင်ဘင်းမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။ ဗီယက်နမ် ကွန်မြူနစ်ပါတီက သမ္မတ ကွမ် ကွယ်လွန်မှုဟာ ဗီယက်နမ် ကွန်မြူနစ် ပါတီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)