စစ္ေရးျပအခမ္းနား တုိက္ခိုက္ခံရမႈ အေမရိကန္ရဲ႕ မဟာမိတ္ေတြကို အီရန္ သမၼတ အျပစ္တင္

0
967

အီရန္သမၼတ ဟတ္ဆန္႐ိုဟာနီက စက္တင္ဘာ ၂၂ ရက္ေန႔ အီရန္စစ္ေရးျပ အခမ္းအနားကို တုိက္ခိုက္ခဲ့သူေတြဟာ အေမရိကန္အစိုးရ ေထာက္ခံထားတဲ့ ႏုိင္ငံေတြနဲ႔ ဆက္ႏႊယ္တဲ့ လက္နက္ကုိင္အဖြဲ႔ တစ္ဖြဲ႔ျဖစ္ေၾကာင္း ေျပာပါတယ္။

အီရန္စစ္ေရးျပ အခမ္းအနားကို လက္နက္ကိုင္ လူတစ္စုက တုိက္ခိုက္ခဲ့လို႔ အနည္းဆံုး ၂၅ ဦး ေသဆံုးခဲ့ၿပီး ၆၀ ဦး ဒဏ္ရာရခဲ့ပါတယ္။ အီရန္ႏိုင္ငံက တုိက္ခုိက္ခံရမႈနဲ႔ ပတ္သက္လုိ႔ အေနာက္ႏုိင္ငံေတြရဲ႕ သံအမတ္ေတြကို ဆင့္ေခၚ သတိေပးခဲ့ပါတယ္။

အီရန္ သမၼတ ႐ိုဟာနီက တိုက္ခုိက္မႈကို ဘာရိန္း၊ ယူေအးအီးနဲ႔ ေဆာ္ဒီအာေရဗ် ႏိုင္ငံတို႔က ကူညီေပးေနတဲ့ လက္နက္ကိုင္အဖြဲ႔က တုိက္ခုိက္တာ ျဖစ္ႏိုင္တယ္လို႔ စြပ္စြဲထားပါတယ္။ အီရန္ႏုိင္ငံဟာ တုိက္ခုိက္မႈကို ဥပေဒနဲ႔အညီ လက္တံု႔ျပန္သြားမယ္လုိ႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ရေးပြအခမ်းနား တိုက်ခိုက်ခံရမှု အမေရိကန်ရဲ့ မဟာမိတ်တွေကို အီရန် သမ္မတ အပြစ်တင်

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက စက်တင်ဘာ ၂၂ ရက်နေ့ အီရန် စစ်ရေးပြ အခမ်းအနားကို တိုက်ခိုက်ခဲ့သူတွေဟာ အမေရိကန်အစိုးရ ထောက်ခံထားတဲ့ နိုင်ငံတွေနဲ့ ဆက်နွှယ်တဲ့ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ကြောင်း ပြောပါတယ်။

အီရန်စစ်ရေးပြ အခမ်းအနားကို လက်နက်ကိုင် လူတစ်စုက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပြီး ၆၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ အီရန်နိုင်ငံက တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ သံအမတ်တွေကို ဆင့်ခေါ် သတိပေးခဲ့ပါတယ်။

အီရန် သမ္မတ ရိုဟာနီက တိုက်ခိုက်မှုကို ဘာရိန်း၊ ယူအေးအီးနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့က ကူညီပေးနေတဲ့ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ စွပ်စွဲထားပါတယ်။ အီရန်နိုင်ငံဟာ တိုက်ခိုက်မှုကို ဥပဒေနဲ့အညီ လက်တုံ့ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)