ေဟာလိဝုဒ္ နာမည္ႀကီး တ႐ုတ္မင္းသမီး ဖန္ ဘင္ဘင္း ထူးဆန္းစြာ ေပ်ာက္ဆံုးေန

0
976

တ႐ုတ္ႏိုင္ငံမွာသာမက ေဟာလိဝုဒ္မွာပါ ေအာင္ျမင္ေနတဲ့ တ႐ုတ္ မင္းသမီး ဖန္ ဘင္ဘင္း ထူးဆန္းစြာ လူျမင္ကြင္းက ေပ်ာက္ဆံုးေနတာ ၃ လနီးပါး ၾကာျမင့္ၿပီ ျဖစ္ပါတယ္။

X-Men ႐ုပ္ရွင္ကားထဲမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ ဖန္ရဲ႕ ေဘဂ်င္းၿမိဳ႕ရွိ စီမံခန္႔ခြဲေရး႐ံုးဟာလည္း ပိတ္ထားၿပီး မီးေမွာင္ခ်ထားတာ ၾကာၿပီ ျဖစ္ပါတယ္။ တခ်ိဳ႕ကလည္း ဖန္ဟာ အခြန္တိမ္းေရွာင္တယ္ဆိုတဲ့ စြပ္စြဲမႈေတြေၾကာင့္ တ႐ုတ္အာဏာပိုင္ေတြကို ေရွာင္လႊဲေနတာ ျဖစ္တယ္လို႔ ထင္ေၾကးေပးၾကပါတယ္။

ဖန္ကို ကိန္း႐ုပ္ရွင္ပြဲေတာ္မွာ ၿပီးခဲ့တဲ့ ေမလက ေနာက္ဆံုး ေတြ႔ခဲ့ၾကတာ ျဖစ္ပါတယ္။ ဖန္ဟာ ႐ုပ္သံဇာတ္လမ္းတြဲ၊ ေဟာလိဝုဒ္ ႐ုပ္ရွင္ေတြအျပင္ ေၾကာ္ျငာေတြကေနလည္း အေမရိကန္ ေဒၚလာ သန္းခ်ီ ဝင္ေငြရွိေနတဲ့ ခ်မ္းသာၾကြယ္ဝသူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟောလိဝုဒ် နာမည်ကြီး တရုတ်မင်းသမီး ဖန် ဘင်ဘင်း ထူးဆန်းစွာ ပျောက်ဆုံးနေ

တရုတ်နိုင်ငံမှာသာမက ဟောလိဝုဒ်မှာပါ အောင်မြင်နေတဲ့ တရုတ် မင်းသမီး ဖန် ဘင်ဘင်း ထူးဆန်းစွာ လူမြင်ကွင်းက ပျောက်ဆုံးနေတာ ၃ လနီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။

X-Men ရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ ဖန်ရဲ့ ဘေဂျင်းမြို့ရှိ စီမံခန့်ခွဲရေးရုံးဟာလည်း ပိတ်ထားပြီး မီးမှောင်ချထားတာ ကြာပြီ ဖြစ်ပါတယ်။ တချို့ကလည်း ဖန်ဟာ အခွန်တိမ်းရှောင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် တရုတ်အာဏာပိုင်တွေကို ရှောင်လွှဲနေတာ ဖြစ်တယ်လို့ ထင်ကြေးပေးကြပါတယ်။

ဖန်ကို ကိန်းရုပ်ရှင်ပွဲတော်မှာ ပြီးခဲ့တဲ့ မေလက နောက်ဆုံး တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဖန်ဟာ ရုပ်သံဇာတ်လမ်းတွဲ၊ ဟောလိဝုဒ် ရုပ်ရှင်တွေအပြင် ကြော်ငြာတွေကနေလည်း အမေရိကန် ဒေါ်လာ သန်းချီ ဝင်ငွေရှိနေတဲ့ ချမ်းသာကြွယ်ဝသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)