ဝက္ဖုိဒ့္ တုိက္စစ္မွဴး  ခ်ာလီဆန္ကို အဲဗာတန္ အသင္း ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ြ႔ေၾကး ေပါင္ ၅၀ သန္းနဲ႔ေခၚ

0
338

အဲဗာတန္အသင္း ဟာ  ဝက္ဖုိဒ္ တုိက္စစ္မွဴး ရစ္ခ်ာလီဆန္ကို ေျပာင္းေရႊေၾကး ေပါင္ ၅၀ သန္းနဲ႔ေခၚဖုိ႔ သေဘာတူညီမႈရရွိသြားၿပီး ေဆးစစ္မႈေတြ လုပ္ေနေၾကာင္း စကိုင္းစပိုစ့္သတင္းမွာေဖာ္ျပထားပါတယ္။  အသက္ ၂၁ ႏွစ္အရြယ္ရွိ ဘရာဇီးတုိက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ ႏွစ္က ဝက္ဖုိဒ္ကို ေျပာင္းေရြလာခဲ့သူျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ  ရစ္ခ်ာလီဆန္ ဟာ အဲဗာတန္အသင္းကို ေျပာင္းဖုိ႔ ေျပာင္းေရႊေၾကး၊ လစာ ကိစၥေတြ  သေဘာတူညီမႈရရွိထားၿပီလို႔ သတင္းကေဖာ္ျပခဲ့ပါတယ္။ အဲဗာတန္ ဟာ ၿပီးခဲ့တဲ့ ရာသီက ဆီဂတ္ဆန္ကို  ကလပ္စံခ်ိန္တင္ေျပာင္းေရႊေၾကး ေပါင္ ၄၅ သန္းေပးေခၚယူခဲ့ရာ အခု ခ်ာလီဆန္ ဟာ အဲဗာတန္အသင္းက ကလပ္စံခ်ိန္တင္ေျပာင္းေရႊေၾကးေပးကာေခၚယူတဲ့ ကစားသမား ျဖစ္လာဖြယ္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ဝက်ဖိုဒ့် တိုက်စစ်မှူး ချာလီဆန်ကို အဲဗာတန် အသင်း ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၅၀ သန်းနဲ့ခေါ်

အဲဗာတန်အသင်း ဟာ ဝက်ဖိုဒ် တိုက်စစ်မှူး ရစ်ချာလီဆန်ကို ပြောင်းရွှေကြေး ပေါင် ၅၀ သန်းနဲ့ခေါ်ဖို့ သဘောတူညီမှုရရှိသွားပြီး ဆေးစစ်မှုတွေ လုပ်နေကြောင်း စကိုင်းစပိုစ့်သတင်းမှာဖော်ပြထားပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နှစ်က ဝက်ဖိုဒ်ကို ပြောင်းရွေလာခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရစ်ချာလီဆန် ဟာ အဲဗာတန်အသင်းကို ပြောင်းဖို့ ပြောင်းရွှေကြေး၊ လစာ ကိစ္စတွေ သဘောတူညီမှုရရှိထားပြီလို့ သတင်းကဖော်ပြခဲ့ပါတယ်။ အဲဗာတန် ဟာ ပြီးခဲ့တဲ့ ရာသီက ဆီဂတ်ဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေကြေး ပေါင် ၄၅ သန်းပေးခေါ်ယူခဲ့ရာ အခု ချာလီဆန် ဟာ အဲဗာတန်အသင်းက ကလပ်စံချိန်တင်ပြောင်းရွှေကြေးပေးကာခေါ်ယူတဲ့ ကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)