အတွေ့အကြုံ အနှစ် ၄၀ အတွင်း COVID-19 လို ဗိုင်းရပ်စ် မကြံဖူးဘူးလို့ ဒေါက်တာ ဖော်ချီ ပြော

0
217

အမေရိကန်ပြည်ထောင်စုမှာ ကပ်ရောဂါနဲ့ ပတ်သက်လို့ အတွေ့အကြုံ နှစ် ၄၀ ရှိ ထိပ်တန်းကျွမ်းကျင်သူနဲ့ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျု (NIAID) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီ ဖော်ချီက သူ့အတွေ့အကြုံ ဆယ်စုနှစ် လေးခုနှစ်အတွင်း COVID-19 ရောဂါကို ဖြစ်စေတဲ့ SARS-CoV-1 ဗိုင်းရပ်စ်မျိုး မတွေ့ဖူးဘူးလို့ ပြောဆိုလိုက်ပါတယ်။

အခုမျိုးဆက်အတွင်း အကြီးဆုံးသော ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကို ဖြစ်စေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ ဒီဗိုင်းရပ်စ်ကို အံ့အားသင့်မိတယ်လို့ ဇွန်လ ၂၃ ရက်နေ့မှာ ဒေါက်တာ ဖော်ချီက အမေရိကန် လွှတ်တော်အမတ်တွေကို အစီရင်ခံခဲ့တာပါ။

“ကျွန်တော် နှစ် ၄၀ ကျော်ကြာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်၊ လူပေါင်း ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိကို ရောဂါလက္ခဏာ မပြဘဲ ကူးစက်စေတဲ့ တစ်မျိုးတည်းသော ဗိုင်းရပ်စ်ကို မမြင်ဖူးပါဘူး” လို့ သမ္မတ ထရမ့်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ကော်မတီကြားနာပွဲမှာ ဒေါက်တာ ဖော်ချီက ပြောသွားတာပါ။

COVID-19 ရောဂါပိုးရှိသူ ၁၆ ရာခိုင်နှုန်းဟာ လက္ခဏာ မပြသူတွေဖြစ်ပြီး တခြားသူတွေကိုလည်း ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ပြောပါတယ်။

တခြား လေ့လာမှု အချက်အလက်တွေကတော့ COVID-19 ရောဂါကူးစက်မှုရဲ့ ၄၀ ရာခိုင်နှုန်းဟာ လက္ခဏာ မပြသူတွေဆီက ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

ဒါကှောင့လြညြး ပှညသြူ့ကနွြးမာရေး တာဝနရြှိသူတှကေ လူတှကေို ခပခြှာခှာနကှဖေို့၊ ခှောကပြအကှောမှာ နကှဖေို့ အကှံပှုတာဖှဈပါတယြ။

__________________

__________________

အတှေ့အကွုံ အနှဈ ၄၀ အတှငျး COVID-19 လို ဗိုငျးရပျဈ မကွံဖူးဘူးလို့ ဒေါကျတာ ဖောျခြီ ပွော

အမေရိကန်ပြည်ထောင်စုမှာ ကပ်ရောဂါနဲ့ ပတ်သက်လို့ အတွေ့အကြုံ နှစ် ၄၀ ရှိ ထိပ်တန်းကျွမ်းကျင်သူနဲ့ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျု (NIAID) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီ ဖော်ချီက သူ့အတွေ့အကြုံ ဆယ်စုနှစ် လေးခုနှစ်အတွင်း COVID-19 ရောဂါကို ဖြစ်စေတဲ့ SARS-CoV-1 ဗိုင်းရပ်စ်မျိုး မတွေ့ဖူးဘူးလို့ ပြောဆိုလိုက်ပါတယ်။

အခုမျိုးဆက်အတွင်း အကြီးဆုံးသော ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကို ဖြစ်စေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ ဒီဗိုင်းရပ်စ်ကို အံ့အားသင့်မိတယ်လို့ ဇွန်လ ၂၃ ရက်နေ့မှာ ဒေါက်တာ ဖော်ချီက အမေရိကန် လွှတ်တော်အမတ်တွေကို အစီရင်ခံခဲ့တာပါ။

“ကျွန်တော် နှစ် ၄၀ ကျော်ကြာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်၊ လူပေါင်း ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိကို ရောဂါလက္ခဏာ မပြဘဲ ကူးစက်စေတဲ့ တစ်မျိုးတည်းသော ဗိုင်းရပ်စ်ကို မမြင်ဖူးပါဘူး” လို့ သမ္မတ ထရမ့်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ကော်မတီကြားနာပွဲမှာ ဒေါက်တာ ဖော်ချီက ပြောသွားတာပါ။

COVID-19 ရောဂါပိုးရှိသူ ၁၆ ရာခိုင်နှုန်းဟာ လက္ခဏာ မပြသူတွေဖြစ်ပြီး တခြားသူတွေကိုလည်း ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ပြောပါတယ်။

တခြား လေ့လာမှု အချက်အလက်တွေကတော့ COVID-19 ရောဂါကူးစက်မှုရဲ့ ၄၀ ရာခိုင်နှုန်းဟာ လက္ခဏာ မပြသူတွေဆီက ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ 

ဒါကြောင့်လည်း ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက လူတွေကို ခပ်ခွာခွာနေကြဖို့၊ ခြောက်ပေအကွာမှာ နေကြဖို့ အကြံပြုတာဖြစ်ပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)