ရန်ပုံငွေခရီးစဉ်ကြောင့် COVID-19 ရောဂါ ကူးစက်မှုအတွက် ဂျိုကိုဗစ် တောင်းပန်

0
854

ရန်ပုံငွေခရီးစဉ်ကြောင့် သူအပါအဝင် တင်းနစ်သမားတွေ COVID-19 ရောဂါ ကူးစက်မှုအတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ နံပါတ် (၁) တင်းနစ်အကျော်အမော် နိုဗက် ဂျိုကိုဗစ်က ပြောကြားလိုက်ပါတယ်။

ဆာဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပတဲ့ အက်ဒရီယာ ပြိုင်ပွဲခရီးစဉ်အတွင်း ဂျိုကိုဗစ်နဲ့အတူ လိုက်ပါခဲ့တဲ့ ဂရီဂို ဒီမီထရော့ဗ်၊ ဘော်နာ ကိုရစ်နဲ့ ဗစ်တာ ထရိုအစ်ကီတို့လည်း COVID-19 ရောဂါ ကူးစက်ခြင်း ခံခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျိုကိုဗစ်နဲ့အတူ လိုက်ပါခဲ့တဲ့ ဇနီးဖြစ်သူလည်း COVID-19 ရောဂါ ကူးစက်ခံရပါတယ်။ ရန်ပုံငွေ ခရီးစဉ်က ရောဂါဖြစ်စေတဲ့ အကြောင်းရင်းဖြစ်စေခဲ့လို့ အလွန် စိတ်မကောင်းကြောင်း ဂျိုကိုဗစ်က ပြောပါတယ်။

ရန်ပုံငွေ ခရီးစဉ်ကို စိတ်သန့်သန့်၊ စိတ်စေတနာကောင်းနဲ့ ကျင်းပခဲ့တာဖြစ်ပြီး သူတို့အားလုံးအာ လိုက်နာရမယ့် ကျန်းမာရေး စည်းကမ်းတွေကို အကုန်လိုက်နာခဲ့တယ်လို့ ယုံကြည်ကြောင်း၊ ကျွန်တော်တို့အားလုံး မှားခဲ့ပြီး မြန်လွန်းလှကြောင်းလည်း ဂျိုကိုဗစ်က ပြောပါတယ်။

အက်ဒရီယာ ရန်ပုံငွေ ခရီးစဉ်မှာ ကျန်နေသေးတဲ့ ဘန်ဂျာ လူကာနဲ့ ဆာရာယေဘို ကစားပွဲတွေကိုတော့ ဖျက်သိမ်းလိုက်ပြီလို့ ကစားပွဲစီစဉ်သူ ဂျိုကိုဗစ်ရဲ့ အစ်ကို ဂျိုဒက်က ပြောပါတယ်။

Lockdown ဖြေလျှော့လိုက်ပြီဆိုပြီး ရန်ပုံငွေပွဲ ကစားခဲ့တဲ့ ဂျိုကိုဗစ်တို့ ပွဲနဲ့ ပတ်သက်ပြီး ဗြိတိန်က အန်ဒီ မာရေးက အခုလို COVID-19 ကူးစက်တာဟာ ကျွန်ုပ်တို့အတွက် သင်ခန်းစာ ဖြစ်တယ်လို့ ပြောပြီး သြစတြေးလျက နစ်ခ် ကိုင်ဂျီယိုက အခုလိုကစားပွဲလုပ်တာ မိုက်မဲတာလို့ ပြောပါတယ်။


__________________

__________________

ရန်ပုံငွေခရီးစဉ်ကြောင့် COVID-19 ရောဂါ ကူးစက်မှုအတွက် ဂျိုကိုဗစ် တောင်းပန်

ရန်ပုံငွေခရီးစဉ်ကြောင့် သူအပါအဝင် တင်းနစ်သမားတွေ COVID-19 ရောဂါ ကူးစက်မှုအတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ နံပါတ် (၁) တင်းနစ်အကျော်အမော် နိုဗက် ဂျိုကိုဗစ်က ပြောကြားလိုက်ပါတယ်။

ဆာဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပတဲ့ အက်ဒရီယာ ပြိုင်ပွဲခရီးစဉ်အတွင်း ဂျိုကိုဗစ်နဲ့အတူ လိုက်ပါခဲ့တဲ့ ဂရီဂို ဒီမီထရော့ဗ်၊ ဘော်နာ ကိုရစ်နဲ့ ဗစ်တာ ထရိုအစ်ကီတို့လည်း COVID-19 ရောဂါ ကူးစက်ခြင်း ခံခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျိုကိုဗစ်နဲ့အတူ လိုက်ပါခဲ့တဲ့ ဇနီးဖြစ်သူလည်း COVID-19 ရောဂါ ကူးစက်ခံရပါတယ်။ ရန်ပုံငွေ ခရီးစဉ်က ရောဂါဖြစ်စေတဲ့ အကြောင်းရင်းဖြစ်စေခဲ့လို့ အလွန် စိတ်မကောင်းကြောင်း ဂျိုကိုဗစ်က ပြောပါတယ်။

ရန်ပုံငွေ ခရီးစဉ်ကို စိတ်သန့်သန့်၊ စိတ်စေတနာကောင်းနဲ့ ကျင်းပခဲ့တာဖြစ်ပြီး သူတို့အားလုံးအာ လိုက်နာရမယ့် ကျန်းမာရေး စည်းကမ်းတွေကို အကုန်လိုက်နာခဲ့တယ်လို့ ယုံကြည်ကြောင်း၊ ကျွန်တော်တို့အားလုံး မှားခဲ့ပြီး မြန်လွန်းလှကြောင်းလည်း ဂျိုကိုဗစ်က ပြောပါတယ်။

အက်ဒရီယာ ရန်ပုံငွေ ခရီးစဉ်မှာ ကျန်နေသေးတဲ့ ဘန်ဂျာ လူကာနဲ့ ဆာရာယေဘို ကစားပွဲတွေကိုတော့ ဖျက်သိမ်းလိုက်ပြီလို့ ကစားပွဲစီစဉ်သူ ဂျိုကိုဗစ်ရဲ့ အစ်ကို ဂျိုဒက်က ပြောပါတယ်။   

Lockdown ဖြေလျှော့လိုက်ပြီဆိုပြီး ရန်ပုံငွေပွဲ ကစားခဲ့တဲ့ ဂျိုကိုဗစ်တို့ ပွဲနဲ့ ပတ်သက်ပြီး ဗြိတိန်က အန်ဒီ မာရေးက အခုလို COVID-19 ကူးစက်တာဟာ ကျွန်ုပ်တို့အတွက် သင်ခန်းစာ ဖြစ်တယ်လို့ ပြောပြီး သြစတြေးလျက နစ်ခ် ကိုင်ဂျီယိုက အခုလိုကစားပွဲလုပ်တာ မိုက်မဲတာလို့ ပြောပါတယ်။

ဂျိုကိုဗစ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဘဲလ်ဂရိတ်ကို ရောက်ပြီးနောက် ဆေးစစ်ရာမှာ ဂျိုကိုဗစ်နဲ့အတူ မိသားစုဝင်အားလုံး၊ ဘဲလ်ဂရိတ်နဲ့ ဇဒါမှာ ထိတွေဆက်ခံခဲ့တဲ့ အဖွဲ့သားအားလုံး ရောဂါကူးစက်ခဲ့ကြောင်း၊ ဂျိုကိုဗစ်မှာတော့ ရောဂါလက္ခဏာမပြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)