အကြမ်းဖက်မှုအန္တရာယ် ဗြိတိန်နိုင်ငံမှာ အမြင့်မားဆုံး ရောက်ရှိနေ

0
317

ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်မှုအန္တရာယ်ဟာ အမြင့်မားဆုံးအခြေအနေရောက်ရှိလာနေပြီး နောက်ထပ် အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားဖွယ်ရှိနေသေးကြောင်း ၀န်ကြီးချုပ် ထရီဆာမေက ပြောကြားလိုက်ပါတယ်။

အဓိကနေရာတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စစ်တပ်ကို တပ်ဖြန့်ထားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ တနင်္လာနေ့ညကဖြစ်ပွားခဲ့တဲ့ ၂၂ ဦးသေဆုံးပြီး ၅၉ ဦးသေဆုံးခဲ့ရတဲ့ မန်ချက်စတာ ဗုံးပေါက်ကွဲမှုရဲ့ လေးဦးမြောက် သားကောင်အဖြစ် အိုလီဗာကမ်းဘဲလ်ရဲ့မိခင်ဖြစ်သူက အတည်ပြုပြောဆိုလိုက်ပါတယ်။

သူမရဲ့ အသက် ၁၅ နှစ်အရွယ် အဖိုးတန်သမီးဖြစ်သူအတွက် ၀မ်းနည်းကြေကွဲမှုကို မိခင်ဖြစ်သူက ဖေ့ဘွတ်ခ်မှာ ဖော်ပြရေးသားခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုအပြီးမှာ ပျောက်ဆုံးခဲ့သူ ပိုလန်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြု ပြောဆိုလိုက်ပါတယ်။

သံသယတရားခံ ဆယ်လ်မန်အဘက်ဒီ တစ်ဦးတည်းက လုပ်ဆောင်ခဲ့တာလားဆိုတဲ့အချက်ကို တိတိပပ မဖော်ထုတ်နိုင်တာကြောင့် အခြားအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှာကို သတိကြီးကြီးထားရမယ့် အနေအထားဖြစ်လာကြောင်း ၀န်ကြီးချုပ်က ဆိုပါတယ်။

ပြည်သူတွေကို စောင့်ရှောက်နေတဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ကို ကူညီဖို့အတွက် စစ်တပ်ကိုလည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ တပ်ဖြန့်ထားမှာဖြစ်ကြောင်း သိရှိရပါတယ်။

ကဇာတ်ပွဲလိုမျိုး လာမယ့်ရက်သတ္တပတ်တွေမှာပြုလုပ်မယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပွဲတွေမှာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိ နေမှာဖြစ်ပြီး ရဲအရာရှိတွေရဲ့ညွှန်ကြားချက်အတိုင်း ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ မစ္စမေက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သတင်းတွေထွက်ပေါ်နေသလို စစ်တပ်အင်အား ငါးထောင်ခန့်သုံးမှာမဟုတ်ဘဲ ရာနဲ့ချီတဲ့ စစ်သည်တော်တွေကို အသုံးပြု တပ်ဖြန့်မှာဖြစ်ကြောင်း သိရှိရပါတယ်။ အများပြည်သူတွေကို မလိုလားအပ်တဲ့ အလန့်တကြားဖြစ်မှုတွေ မဖြစ်စေချင်ပေမယ့်လည်း အခြေအနေအရ သင့်လျော်တဲ့တုံ့ပြန် မှုပြုလုပ်ဖို့ လိုအပ်နေတာကြောင့် အခုလို တပ်ဖြန့်မှုတွေ ပြုလုပ်ဖို့စီစဉ်ရတာဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆိုပါတယ်။

ယခင်က အခုလိုအရေးပေါ်အကြမ်းဖက် အန္တရာယ်သတိပေးချက်အဆင့်ကို ဗြိတိန်မှာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ် စုစုပေါင်းနှစ်ကြိမ် ပဲရောက်ခဲ့ဖူးပါတယ်။ အခုမန်ချက်စတာ ဗုံးပေါက်ကွဲမှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ်နိုင်ငံတော်ဆိုတဲ့ အမည်ခံယူထားတဲ့ အစွန်းရောက်တယူသန် အကြမ်းဖက်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)