ပထမဦးဆုံး ရင်သွေးရရှိတော့မယ့် ရိန်းနဲ့ ကင်ထယ်ဟီး

0
417

ချစ်သူသက်တမ်း ၅ နှစ်ကြာပြီးနောက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၉ ရက်နေ့က လက်ထပ်ပွဲကို ဆင်နွှဲလိုက်တဲ့ တောင်ကိုရီးယား ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ ရိန်း (Rain) နဲ့ သရုပ်ဆောင် ကင်ထယ်ဟီး (Kim Tae Hee) တို့မှာ ပထမဦးဆုံး ရင်သွေးလေး ရရှိတော့မှာပါ။

ကင်ထယ်ဟီးဟာ ကိုယ်ဝန် ၁၅ ပတ် ရှိနေပြီဖြစ်ကာ သူမရဲ့ ကျန်းမာရေးအတွက် အထူး ဂရုစိုက် နေထိုင်တယ်လို့ ရိန်းရဲ့ အနုပညာ အေဂျင်စီဖြစ်တဲ့ Ruach Entertainment က သတင်းထုတ်ပြန်ထားပါတယ်။

အသက် ၃၇ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ကင်ထယ်ဟီး အနေနဲ့ သူမရဲ့ ပထမဦးဆုံး ကိုယ်ဝန်စတင် ဆောင်ခါစမှာ ကျန်းမာရေးအတွက် အထူးဂရုစိုက်နေထိုင်ဖို့ ဆရာဝန်က ညွှန်ကြား ထားပါတယ်။ Ruach Entertainment ရဲ့ သတင်းဖော်ပြချက်မှာတော့ ကင်ထယ်ဟီးဟာ လတ်တလောမှာ ကိုယ်ဝန်ဆောင်တို့ သိထားသင့်တဲ့ အချက်များကို အထူးလေ့လာနေပြီး မိခင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုတင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ရိန်းဟာ ပြီးခဲ့မေလ ၅ ရက်နေ့က ဂျပန်နိုင်ငံရှိ မြို့ကြီး ၃ မြို့မှာ သူရဲ့ အနုပညာသက်တမ်း ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် The Confession အမည်ရတဲ့ ပရိသတ်တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် မကြာခင်မှာ ရိုက်ကူးတော့မဲ့ “Uhm Bok-dong” ရုပ်ရှင် ရိုက်ကူးရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရင်း ဂျပန်ကို ခရီးထွက်ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်မှာ ရိန်းဟာ ဆိုင်ကယ်စီး အထူးကျွမ်းကျင်တဲ့ ဆိုင်ကယ် စတန့်သမားတစ်ဦးအဖြစ် သရုပ်ဆောင်မှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)