ဗာတီကန်မှာ ပုတ်ရဟန်းမင်းကြီးကို သမ္မတထရန့် တွေ့ဆုံ

0
300

ပြဿနာအတော်များများမှာ ထိပ်တိုက်တွေ့ခဲ့သူ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်နဲ့ ပုရဟန်းမင်းကြီး ဖရစ္စစ်တို့ဟာ ဒီကနေ့ ဗာတီကန်မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။

အဆိုပါတွေ့ဆုံမှုဟာ အမေရိကန်သမ္မတအနေနဲ့ ပထမဆုံးအကြိမ်ထွက်ခဲ့တဲ့ခရီးစဉ်မှာ ဘုရားတစ်ဆူတည်းအယူဝါဒရှိတဲ့ ဘာသာကြီး ၃ ခုရဲ့ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဆိုရမှာပါ။

အစ္စလာမ်မစ်၊ ဂျုးဘာသာတွေရဲ့အဓိကနေရာတွေဖြစ်တဲ့ အစ္စရေး၊ ပါလက်စတိုင်းနဲ့ အခု ဗာတီကန်ကို သွားရောက်ခဲ့တာဖြစ်လို့ ဘုရားတစ်ဆူတည်းဝါဒရှိတဲ့ ကမ္ဘာ့ဘာသာကြီးသုံးခုရဲ့ လွှမ်းမိုးထား တဲ့နေရာတွေ ကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းအခြေချသူတွေနဲ့ အရင်းရှင်ဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးခေါင်း ဆောင်ထရန့်နဲ့ ဘာသာရေး ခေါင်းဆောင်ပုတ်ရဟန်းမင်းကြီးတို့ဟာ အမြင်မတူဘဲ အတိုက်အခံဖြစ်ခဲ့တဲ့ ကိစ္စတွေ အတော်များများရှိခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ရောင်းဝယ်မှုနဲ့ သေဒဏ်သတ်မှတ်ပြဌာန်းမှုတွေမှာလည်း သူတို့နှစ်ဦး သဘောထားခြင်း မတိုက်ဆိုင်ကြပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်မှုမှာတော့ တူညီမှုရှိကြပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ အီးယူနဲ့ နေတိုးအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ရှိတာကြောင့် နေ့လည်ခင်းမှာ သမ္မတထရန့်အဖွဲ့ဟာ ဘရပ်ဆဲလ်ကို လေယာဉ်နဲ့ သွားဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ ဂျီ-၇အစည်းအဝေးကို အီတလီနိုင်ငံ၊ စစ္စလီမြို့မှာ တက်ရောက်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)