တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး နီးကပ်ရင် ကမ္ဘာကြီးကို အကျိုးပြုနိုင်မယ်လို့ တရုတ်ပြော

0
298

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဒီကနေ့ ဧပြီလ ၂၄ မှာ မြောက်ကိုရီးယား အရေး တယ်လီဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

ထိပ်တန်း ခေါင်းဆောင် နှစ်ဦး ဖုန်းနဲ့ ဆွေးနွေးပြီးသွားတဲ့ အခါမှာတော့ တရုတ်သာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိမယ်ဆိုရင် သူတို့နှစ်နိုင်ငံ အပါအ၀င် ကမ္ဘာကြီးကိုပါ အကျိုးပြုနိုင်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျန် ရူအန် (Geng Shuang) က ပြောဆိုလိုက်ပါတယ်။

သမ္မတ ရှီကျင့်ဖျင် ကတော့  ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေကို နှစ်နိုင်ငံလုံး အေးအေးဆေးဆေး ဖြေရှင်းကြဖို့ နောက်ဆုံး ဖုန်းဆက်သွယ်မှုမှာ ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)