အမေရိကန် လေယာဉ်တင် သင်္ဘောကို တစ်ချက်တည်းနဲ့ နှစ်မြှုပ်နိုင်တယ်လို့ မြောက်ကိုရီးယားပြော

0
315

အမေရိကန် လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ် ကားလ် ဗင်ဆန် (USS Carl Vinson) ကို တစ်ချက်တည်းနဲ့ ပစ်ခတ်နှစ်မြှုပ်ပစ်လို့ ရတယ်လို့ မြောက်ကိုရီးယား အစိုးရအာဘော် သတင်းစာက ရေးသားလိုက်ပါတယ်။

မြောက်ကိုးရီးယား အစိုးရ ဝါဒဖြန့် သတင်းစာဖြစ်တဲ့ ရိုဒွန် ဆင်မွန် မှာ ဖော်ပြထားတဲ့ သုံးသပ်ချက်ထဲမှာ အဲဒီလို ကြွားဝါ ရေးသားထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်အပြီး ယူအက်စ်အက်စ် ကားလ် ဗင်ဆန်ဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်ဖို့ ကိုရီးယားကျွန်းဆွယ်အနီး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ် စမ်းသပ်မှု ၅ ကြိမ်တိုင်တိုင် ပြုလုပ်ပြီးနောက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အခုလို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်နဲ့  စစ်ရေးလေ့ကျင့်မှုအတွင်း စတင် ရန်စလာခဲ့ရင် သူရဲ့ မဟာမိတ်နိုင်ငံတွေကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ အမေရိကန် မဟာမိတ် ဂျပန်ကလည်း ဖိလစ်ပိုင် ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)