တိုက်တန်းနစ် သင်္ဘော ဝန်ထမ်းအမျိုးသမီးရဲ့ သားမွေးကုတ်အင်္ကျီ ပေါင် ၁ သိန်းခွဲနဲ့ လေလံတင် ရောင်းချ

0
381

တိုက်တန်းနစ် သင်္ဘောမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး တစ်ဦးရဲ့ သားမွေးကုတ်အင်္ကျီကို လေလံတင် ရောင်းချရာမှာ ခန့်မှန်းထားတာထက် နှစ်ဆပိုပြီး ပေါင် ၁ သိန်းခွဲ ရရှိခဲ့ပါတယ်။

တိုက်တန်းနစ် သင်္ဘော ပထမတန်းမှာ တာဝန်ထမ်းဆောင်တဲ့ မစ္စ မေဘယ် ဘင်းနက်ဟာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက် ရေခဲတောင်နဲ့ တိုက်မိပြီး သင်္ဘောနစ်သွားချိန်မှာ အသက်ကယ်လှေတွေ ရောက်မလာခင် အဲဒီ လေးလံထူထဲတဲ့ သားမွေကုတ်အင်္ကျီကို ခြုံပြီး အအေးဒဏ်ကို ကာကွယ်ခဲ့ရပါတယ်။

မစ္စ ဘင်းနက်ဟာ အရင်က အိုလံပစ်မှာ အလုပ်လုပ်နေတာ ဖြစ်ပြီး အဲဒီနှစ် ဧပြီလ ၆ ရက်မှာ တိုက်တန်းနစ် ဇိမ်ခံသင်္ဘောကြီးမှာ သူမရဲ့ ခဲအို အဲလ်ဖရဒ် ကရောဖို့ဒ်နဲ့ အတူ အလုပ်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ရာမှာ ကရောဖို့ဒ် အသက်ရှင်ခဲ့ပေမယ့် မစ္စ ဘင်းနက်ရဲ့ တူကလေး လီယိုနတ် ဂျိမ်းစ် ဟိုရေးကတော့ ပျောက်ဆုံးသူ ၁၅၀၀ ထဲ ပါသွားပါတယ်။

မစ္စ ဘင်းနက်ဟာ လာရောက်ကယ်တင်တဲ့ ကာပါသီယာ သင်္ဘောနဲ့ လိုက်ပါသွားချိန်မှာလည်း အခုလေလံတင်တဲ့ သားမွေး ကုတ်ကို ဝတ်ထားခဲ့ပါတယ်။

မစ္စ ဘင်းနက်ဟာ အသက် ၉၅ နှစ်အထိ အသက်ရှည်ခဲ့ပြီး တိုက်တန်းနစ် သင်္ဘော အမျိုးသမီး ဝန်ထမ်းတွေအနက် အသက်အရှည်ဆုံးတစ်ယောက် ဖြစ်ပါတယ်။ အဲဒီ သားမွေးကုတ်အင်္ကျီကို သူမရဲ့ မိသားစုက နှစ် ၉၀ လောက် သိမ်းဆည်းထားခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ဟင်နရီ အယ်လ်ဒရိတ်နှင့် သား လေလံလုပ်ငန်းကို ရောင်းချခဲ့ပါတယ်။  လေလံလုပ်ငန်းကလည်း အမေရိကန်က ပြတိုက်တစ်ခုကို အငှားချထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာတော့ ပေါင်း ၅ သောင်း ဒါမှမဟုတ် ၈ သောင်းလောက် ရမယ်လို့ ခန့်မှန်းပြီး လေလံတင်ရာကနေ ပေါင်း ၁ သိန်းခွဲအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)