လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး မော်လဒိုက်နိုင်ငံမှာ ဓားထိုးခံရပြီး သေဆုံး

0
273

လူသိများတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ ဘလော့ဂါတစ်ဦးဖြစ်တဲ့ ယာမင်း ရာရှိ ဟာ မော်လဒိုက်နိုင်ငံမှာ ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ မော်လဒိုက် ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခံထားရတဲ့ ယာမင်း ရာရှိ ကို ဧပြီလ ၂၃ ရက်နေ့က မော်လဒိုက်နိုင်ငံ၊ မာလေမြို့က အိမ်တစ်လုံးမှာ ရှာဖွေ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ပါတယ်။ သူ့ကို ဘာကြောင့် အခုလို ဓားနဲ့ ထိုးသတ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။

ယာမင်း ရာရှိ ဟာ အင်တာနက်ကနေ တစ်ဆင့် ကျန်းမာရေး ၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးနဲ့ မူဝါဒပိုင်း ဆိုင်ရာတွေကို ထောက်ပြဆွေးနွေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ မော်လဒိုက် ဒီမိုကရက်တစ်ပါတီက အခြားနိုင်ငံတွေရဲ့ အကူအညီနဲ့ ယာမင်း ရာရှိ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပြီး မော်လဒိုက်ရဲတွေဟာ အဲဒီဓားထိုးမှုကို စုံစမ်းဖော်ထုတ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)