၁၂ နှစ်သားတစ်ဦး သြစတြေးလျကို ကားနဲ့ မောင်းဖြတ်ဖို့ ကြိုးစား

0
294

အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ တစ်ဦးတည်း ကားမောင်းပြီး သြစတြေးလျ နိုင်ငံတစ်လျှောက် ဖြတ်သန်းဖို့ ကြိုးစားခဲ့ရာမှာ ရဲတပ်ဖွဲ့က ခရီးစဉ် မိုင် ၈၀၀ အရောက်မှာ တားဆီးခဲ့ရပါတယ်။

အဆိုပါကလေးငယ် မောင်းနေတဲ့ ကားရဲ့ဘန်ဘာ မြေကြီးပေါ် ဒရွတ်တိုက်နေတာကို ပြီးခဲ့တဲ့စနေနေ့က နယူးဆောက်ဝေးပြည်နယ်၊ ဘရွတ်ကင်းဟေးလ်မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ကမြင်တွေ့ တားဆီးခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ဖော်ပြချက်အရ အဆိုပါကောင်လေးဟာ နယူးဆောက်ဝေးကနေ သြစတေးလျှ အနောက်ပိုင်းဒေသကို ဖြတ်မောင်းနေတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ကလေးငယ်ကို ဘရွတ်ကင်းဟေးလ် ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

သူ့ရဲ့မိဘတွေကတော့ ကလေးငယ် aပျာက်ဆုံးနေလို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားခဲ့ကြပါတယ်။ မနေ့က တနင်္ဂနွေနေ့မှာ သူ့ရဲ့မိဘတွေက ကလေးငယ်ကို လာပြန်ခေါ်သွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေက ပြောပြခဲ့ကြပါတယ်။ ကလေးငယ်က မိသားစုပိုင်တဲ့ ကားကို ယူလာတာဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ကင်ဖီဟွန်က ပြောပါတယ်။

ဘယ်သူမှ သတိမထားမိဘဲ ကလေးငယ်တစ်ဦးတည်း အခုလောက် အကွာအဝေးခရီးကို ဘယ်လို aရာက်လာခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)