အိန္ဒိယ မိုးခေါင်ရေရှား လယ်သမားတွေ ဆန္ဒပြပွဲ ရပ်ဆိုင်း

0
264

အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်က လယ်သမား ၁၀၀ ကျော်ဟာ နယူးဒေလီမြို့မှာ ရက်ပေါင်း ၄၀ ခန့်ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုတာကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်ကြပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ဆင်းရဲ ဒုက္ခရောက်နေကြရတာကြောင့် ကူညီပေးဖို့ အိန္ဒိယအစိုးရကို သူတို့က ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ဆံပင်တခြမ်းရိတ်ပြီး ကြွက်အရှင်ကို ပါးစပ်မှာကိုက်ခဲထားကြသလို လက်ခုပ်လက်ဝါးတီးပြီး စုဝေးနေကြတာ ကြောင့် မြို့တော်နယူးဒေလီမှာ အချိန်တလကျော်ကြာတဲ့အထိ လူအများစိတ်ဝင်စားစရာဖြစ်ခဲ့ရပါတယ်။

ဆန္ဒပြလယ်သမားတွေက လယ်ယာမြေချေးငွေ ပြန်ဆပ်မှုကို လျော့ချပေးဖို့၊ သက်သာချောင်လည်ရေးရန်ပုံငွေပေးဖို့နဲ့ အခြား တောင်းဆိုချက် အတော်များများကို ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ ရက်ပေါင်း ၄၀ ကြာ နယူးဒေလီမြို့မှာ ရွက်ဖျင်တဲတွေနဲ့နေထိုင် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တမီးလ်နာဒူး ပြည်နယ်ဝန်ကြီးချုပ် အီပါလာမိဆွာမိက သူတို့တောင်းဆိုချက်တွေကို လိုက်လျောမယ်လို့ အာမခံခဲ့ပြီးနောက်မှာ ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

လာမယ့် မေလ ၂၅ ရက်မတိုင်ခင်မှာ တောင်းဆိုချက်တွေကို ဆောင်ရွက်ပေးမှုမရှိရင် ဆန္ဒပြပွဲကို ပြန်လည်စတင်မှာဖြစ်ကြောင်း လယ်သမားသမဂ္ဂက ပြောဆိုခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် တမီးလ်နာဒူးပြည်နယ်ဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ကြွေးသံသရာမှာ နစ်မွန်းနေတဲ့ လယ်သမား ၅၀ ခန့်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မိမိကိုယ်မိမိ သတ်သေခဲ့ကြကြောင်း အရာရှိတွေက ပြောပါတယ်။ ဒေသခံလယ်သမားအစည်းအရုံးရဲ့ဖော်ပြချက်အရ လယ်ယာလုပ် ငန်းကြွေးမြီပြဿနာကြောင့် သတ်သေခဲ့တဲ့လယ်သမားအရေအတွက် ၂၅၀ ကျော်ရှိကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)