အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ဗင်နီဇွဲလားသမ္မတ တောင်းဆိုပြီ

0
246

အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်ဖို့အတွက် ဗင်နီဇွဲလားသမ္မတ နီကိုးလ်မာဒူရိုတောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒေသတွင်းရွေးကောက်ပွဲတွေ ပြုလုပ်ဖို့လည်း သူ့အနေနဲ့ လိုလားကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာ နောက်ထပ်ကြီးမားတဲ့ လူထုဆန္ဒပြပွဲကြီး နိုင်ငံအနှံ့အပြားမှာ ထပ်မံပြုလုပ်ဖို့ အတိုက်အခံတွေက စီစဉ်နေချိန်မှာ သမ္မတမာဒူရိုက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

လာမယ့်နှစ်မှာ သမ္မတရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် ဆန္ဒပြသူတွေက တောင်းဆိုခဲ့တာဖြစ်ပြီး လက်ရှိသမ္မတ မာဒူရိုကိုလည်း ဖယ်ရှားပေးဖို့ လိုလားနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က အတိုက်အခံတွေနဲ့ အစိုးရအကြား စေ့စပ်ဆွေးနွေးမှု ပြုလုပ်ပေမယ့် အတိုက်အခံတွေက မစ္စတာမာဒူရိုဟာ အဲဒီဆွေးနွေးမှုကို အကြောင်းပြပြီး အချိန်ဆွဲနေခဲ့တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သဘောတူညီမှုတွေကိုလည်း ချိုးဖောက်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုပ်သံအစီအစဉ်ကနေ သမ္မတမာဒူရိုက မိန့်ခွန်းပြောကြားခဲ့ပြီး သူ့အနေနဲ့ မြို့တော်ဝန်နဲ့ ပြည်နယ်အုပ်ချုပ် ရေးမှူးအဆင့် ရွေးကောက်ပွဲလုပ်ဖို့ သဘောတူကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတအဆင့်ရွေးကောက်ပွဲအကြောင်းကို တော့ သူမပြောခဲ့ပါဘူး။

တကယ်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲက ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ကျင်းပရမှာဖြစ်သလို ဒေသခံမြို့တော်ဝန်ရွေးပွဲတွေ ကိုလည်း ဒီနှစ်မှာ ကျင်းပရမယ့်အချိန်စေ့နေပါပြီ။ ဆန္ဒပြသူတွေက အဖြူရောင်တီရှပ်တွေဝတ်ဆင်ပြီး မကြားသေးခင်က ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ ၂၀ ဦးအတွက် လေးစားမှုပြသခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)