ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်တစ်ဦး မိုင်းထိ သေဆုံး

0
235

ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ရဲ့ အဖွဲ့ဝင် တစ်ဦးဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့ဘက်မှာ ဧပြီလ ၂၃ ရက်နေ့က သေဆုံးခဲ့ပါတယ်။

ဥရောပ လုံခြုံရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ OSCE အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ယာဉ်ဟာ လူဟန်စ်လို့ ခေါ်တဲ့ နေရာအနီးမှာ ထောင်ထားတဲ့ မိုင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မိုင်းပေါက်ကွဲမှုကြောင့် OSCE အဖွဲ့က အမေရိကန်နိုင်ငံသား တစ်ဦး သေဆုံးပြီး ဂျာမနီနိုင်ငံသူ အမျိုးသမီးတစ်ဦးနဲ့ တခြားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သြစတြီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။  သြစတြီးယားနိုင်ငံဟာ လက်ရှိ OSCE ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံ နဲ့ ယူကရိန်းနိုင်ငံ အကြား လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို လေ့လာအစီရင်ခံဖို့ အတွက် နိုင်ငံတကာက စောင့်ကြည့်လေ့လာသူပေါင်း ၇၀၀ ကျော်ဟာ အဲဒီဒေသ တစ်ဝိုက်မှာ ရှိနေပြီး ဒီတစ်ခေါက် ဖြစ်ရပ်ဟာ OSCE အဖွဲ့အတွက် ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)