မြောက်ကိုရီးယားက ဖမ်းဆီးထားတဲ့ အမေရိကန်ရဲ့ နာမည် ထွက်ပေါ်

0
244

မြောက်ကိုရီးယား နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ပြုလုပ်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ပြုံယမ်း နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့နာမည်မှာ တိုနီကင်မ်ဖြစ်ပါတယ်။

ကိုရီးယား-အမေရိကန်ကပြား တိုနီကင်မ်ဟာ ပြုံယမ်းသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ စာရင်းအင်းပညာ တစ်လသင်ကြားပေးခဲ့ပြီး တိုင်းပြည်ကနေ ပြန်ထွက်ဖို့လုပ်ချိန်မှာ အခုလိုအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၅၀ကျော် တိုနီကင်မ်ဟာ ကိုရီးယားနာမည် ကင်မ်ဆန်ဒူခ်အမည်နဲ့ သွားလာလှုပ်ရှားနေတာဖြစ်ပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းရလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုးရီးယားက ဖမ်းထားတဲ့ အမေရိကန် နိုင်ငံသားအရေအတွက်ဟာ သူအပါအ၀င်ဆိုရင် ၃ ယောက် မြောက် ရှိ နေပါပြီ။ အမေရိကန်နဲ့ ညှိနှိုင်းရာမှာ အသုံးချဖို့အတွက် အရင်တုန်းကတော့ မြောက်ကိုးရီးယားက အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်းလေ့ ရှိတတ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလအတွင်းကလည်း အသက် ၂၂ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ အိုတိုဝါဘီယာကို မြောက်ကိုရီးယားအာဏာပိုင်တွေက ဖမ်း ဆီးခဲ့ပါတယ်။

အကြောင်းကတော့ မြောက်ကိုရီးယားရဲ့ ၀ါဒဖြန့်ချိရေးဆိုင်းဘုတ်ကို ခိုးယူဖို့ကြိုးစားမှုနဲ့ဖြစ်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လအတွင်းမှာ အသက် ၆၂ နှစ်အရွယ် ကိုရီးယား-အမေရိကန် သာသာနာပြုတစ်ဦးဖြစ်တဲ့ ကင်မ်ဒေါင်ချုးကို ဖမ်းဆီးခဲ့ပါသေးတယ်။ သူ့ကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

တိုနီကင်မ် ပညာသင်ကြားပေးခဲ့တဲ့ ပြုံယမ်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကို ၂၀၁၀ ပြည့်နှစ်မှာ ဧ၀ံဂေလိခရစ္စယာန်အသင်းကနေ ထူထောင်ခဲ့တာဖြစ်ပြီး အများအားဖြင့် တိုင်းပြည်အတွင်းက လူချမ်းသာသားသမီးတွေပဲ ပညာသင်ကြားနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

သင်ကြားမှုမှာ အခမဲ့ပညာရေးပုံစံဖြစ်ပြီး တက်ရောက်ကျောင်းသားအများစုက ဧ၀ံဂေလိခရစ္စယာန်ဘာသာဝင်တွေ ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့သင်ရိုးညွှန်းတမ်းမှာတော့ တစ်ချိန်က လုံးဝပိတ်ပင်ထားခဲ့တဲ့ အရင်းရှင်စနစ်ဆိုတဲ့ ဘာသာရပ်ခေါင်းစဉ်မျိုးတွေ ပါဝင်နေကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)