ဂျာမနီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး နှစ်ဦး ရွေးချယ်

0
288

ဂျာမနီနိုင်ငံမှာ အမျိုးသမီး လေယာဉ်မှူးတစ်ဦးနဲ့ မိုးလေ၀သ ပညာရှင် တစ်ဦးကို ဂျာမနီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး နှစ်ဦးအဖြစ် ဧပြီလ ၁၉ ရက်နေ့က ရွေးချယ်လိုက်ပါတယ်။

သူတို့နှစ်ဦးဟာ အာကာသယာဉ်မှူးအဖြစ် လျှောက်လွှာတင်ထားသူ ၄၀၀ ကျော်ထဲကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဂျာမနီနိုင်ငံအတွက် နိုင်ငံတကာ အာကာသစခန်းကို သွားရောက်မယ့် ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးတွေ ဖြစ်လာမှာပါ။

နစ်ကိုလာဘောင်းမန်း နဲ့ အင်ဆာသီလာအင့်ခ်ျ တို့နှစ်ဦးဟာ နောက်ဆုံး ဆန်ခါတင် ခြောက်ယောက် ထဲကနေ ပြန်လည် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သူတို့ ရဲ့နာမည်ကို ဂျာမနီ စီးပွားရေးနဲ့ စွမ်းအင်ဝန်ကြီး ဘရီဂျစ်ဇစ်ပရီက ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အာကာသယာဉ်မှူး ရွေးချယ်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူ အယောက် ၄၀၀ ကျော်ထဲမှာ နောက်ဆုံး ဆန်ခါတင် ခြောက်ဦးကပဲ ဂျာမနီလေကြောင်း ပျံသန်းရေးစင်တာရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေး စစ်ဆေးမှုတွေကို ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လူရွေးချယ်ပွဲကို ဥရောပ အာကာသအေဂျင်စီ ရဲ့ လမ်းညွှန်မှုအောက်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လူရွေးချယ်ပွဲကို သီးခြားပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာ အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေကို လေ့လာဖို့လည်း ပါဝင်တယ်လို့ လူရွေးပွဲ စီစဉ်သူတွေက ဆိုပါတယ်။

အမျိုးသမီးတွေနဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေ အနေနဲ့လည်း နည်းပညာပိုင်းမှာ စိတ်ဝင်စားမှုတွေ ရှိလာဖို့အတွက် ဒီလူရွေးချယ်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဂျာမနီ စီးပွားရေးနဲ့ စွမ်းအင်ဝန်ကြီး ဘရီဂျစ်က ဆိုပါတယ်။ ဘရီဂျစ် ဇစ်ပရီဟာ ဂျာမနီအစိုးရရဲ့ အာကာသ ပျံသန်းရေးဆိုင်ရာ ကြီးကြပ်
ညှိနှိုင်းသူလည်း ဖြစ်ပါတယ်။

အခုရွေးချယ်ခံခဲ့ရတဲ့ အာကာသယာဉ်မှူး နှစ်ဦးစလုံးဟာ အခုချိန်ကစပြီး အာကာသယာဉ်မှူး ဖြစ်လာရေးအတွက် နှစ်နှစ်တိတိ လေ့ကျင့်ရေးတွေ ပြုလုပ်ရမှာဖြစ်ပြီး သူတို့ရဲ့ ပထမဦးဆုံး လေ့ကျင့်ရေးတွေကို ဒီနှစ်ကုန်လောက်မှာ စတင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)