ဟူပေးပြည်နယ် အဝင်အထွက် ပိတ်ပင်မှု မတ်လ ၂၅ ရက်မှာ ဖယ်ရှားမယ်

0
196

တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ဖြစ်ပွားမှု စတင်ခဲ့တဲ့ ဟူပေးပြည်နယ်မှာ အဝင်အထွက် ပိတ်ပင်ထားမှုကို မတ်လ ၂၅ ရက်နေ့မှာ စတင်ဖယ်ရှားမယ်လို့ ပြည်နယ် ကျန်းမာရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

A man wears a face mask as he stands along the waterfront in Wuhan in central China’s Hubei Province, Thursday, Jan. 30, 2020. China counted 170 deaths from a new virus Thursday and more countries reported infections, including some spread locally, as foreign evacuees from China’s worst-hit region returned home to medical observation and even isolation. (AP Photo/Arek Rataj)

ဗိုင်းရပ်စ် ကူးစက်မှု အဓိက စတင်ခဲ့တဲ့ ဝူဟန်မြို့မှာတော့ ဧပြီလ ၈ ရက်နေ့မှာ ဖယ်ရှားမှာ ဖြစ်ပါတယ်။ ဟူပေးပြည်နယ်အတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကို ထိန်းချုပ်နိုင်မှု တိုးတက်လာတာကြောင့် အခုလို ပိတ်ဆို့မှု ဖယ်ရှားဖို့အတွက် ဆုံးဖြတ်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားမှု ၈၁၀၀၀ ကျော်၊ ဟူပေးပြည်နယ်မှာ သေဆုံးသူ ၃၁၀၀ ကျော် ရှိပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>

ဟူပေးပြည်နယ် အဝင်အထွက် ပိတ်ပင်မှု မတ်လ ၂၅ ရက်မှာ ဖယ်ရှားမယ်

တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ဖြစ်ပွားမှု စတင်ခဲ့တဲ့ ဟူပေးပြည်နယ်မှာ အဝင်အထွက် ပိတ်ပင်ထားမှုကို မတ်လ ၂၅ ရက်နေ့မှာ စတင်ဖယ်ရှားမယ်လို့ ပြည်နယ် ကျန်းမာရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှု အဓိက စတင်ခဲ့တဲ့ ဝူဟန်မြို့မှာတော့ ဧပြီလ ၈ ရက်နေ့မှာ ဖယ်ရှားမှာ ဖြစ်ပါတယ်။ ဟူပေးပြည်နယ်အတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကို ထိန်းချုပ်နိုင်မှု တိုးတက်လာတာကြောင့် အခုလို ပိတ်ဆို့မှု ဖယ်ရှားဖို့အတွက် ဆုံးဖြတ်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားမှု ၈၁၀၀၀ ကျော်၊ ဟူပေးပြည်နယ်မှာ သေဆုံးသူ ၃၁၀၀ ကျော် ရှိပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)