ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ၂၀၀၉ ကထက် ပိုဆိုးနိုင်

0
154

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေး အကြီးအကျယ် ထိခိုက်မယ့် အလားအလာ ရှိနေပြီး ၂၀၀၉ ခုနှစ်က စီးပွားရေး ကျဆင်းမှုထက် ပိုဆိုးနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) အကြီးအကဲ ခရစ္စတာလီနာ ဂျော်ဂျီဗာက သတိပေးလိုက်ပါတယ်။

G-20 နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ မတ်လ ၂၃ ရက်နေ့က ဆွေးနွေးစဉ် ဂျော်ဂျီဗာက ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေကို အကူအညီပေးဖို့ တိုက်တွန်းလိုက်ပြီး IMF အနေနဲ့လည်း ငွေချေးပေးနိုင်စွမ်း ရှိတဲ့ အမေရိကန် ဒေါ်လာ ၂ ထရီလီယံစလုံးကို အသင့်ပြင်ထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံ အများအပြားမှာ ပိတ်ဆို့ထားမှုတွေ လုပ်နေရတာကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့တိုးတက်မှုနှုန်းကို အနုတ်သဘော မြင်ကြောင်း၊ စီးပွားရေး ကျဆင်းမှုဟာ အရင် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းထက် ပိုပြီး ဆိုးနိုင်ကြောင်း ဂျော်ဂျီဗာက သတိပေးထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)