တွစ်တာဝက်ဘ်ဆိုက်ဒ်က ငွေပေးအသုံးပြုနိုင်မယ့် ၀န်ဆောင်မှုစတင်ဖို့ စဉ်းစားနေ

0
290

စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ဝန်ဆောင်မှုလိုချင်တဲ့သုံးစွဲသူတွေအတွက် တွစ်တာဝက်ဘ်ဆိုက်ဒ်က ငွေပေးပြီး အသုံးပြုနိုင်မယ့် ၀န်ဆောင်မှုအသစ်တွေ တိုးချဲ့ဖန်တီးဖို့ စဉ်းစားနေပါတယ်။

မကြာခင်နှစ်တွေအတွင်းမှာ သုံးစွဲသူများလာရေးအတွက် အပြင်းအထန်ကြိုးပမ်းလုပ်ဆောင်လာတဲ့ မိုက်ခရိုဘလော့ဂ်ဝန်ဆောင် မှုဖြစ်တဲ့တွစ်တာက အဆိုပါတိုးချဲ့မှုနဲ့ ပတ်သက်ပြီးအသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို လေ့လာနေပါတယ်။

ငွေပေးအသုံးပြုတဲ့သုံးစွဲသူတွေဟာ ပိုကောင်းတဲ့တွစ်တာဒက်ခ်ဗားရှင်းကို အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ အဲဒီတွစ်တာဒက်ခ်မှာ ပုံမှန် တွစ်တာဒေါ့ကွန်းမှာထက် ပိုပြီးအသုံးပြုနိုင်တဲ့လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပုံမှန်အသုံးပြုနေတဲ့သုံးစွဲသူတွေအတွက် ၀န်ဆောင်မှုကိုလည်း လျော့ချသွားမှာမဟုတ်ကြောင်း သိရှိရပါတယ်။
အသုံးပြုသူတွေဟာ စနက်ပ်ချက် (snapchat) လိုမျိုး ကွန်ယက်တွေကို ပြောင်းလဲအသုံးပြုလာကြတဲ့အချိန်မှာ အခကြေးငွေပေး ပြီးအသုံးပြုတဲ့သုံးစွဲသူတွေကြောင့် တွစ်တာအနေနဲ့ ၀င်ငွေရလမ်းတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။

တွစ်တာကို စွဲစွဲမြဲမြဲအသုံးပြုသူအရေအတွက်က တိုးမလာဘဲတုံ့ဆိုင်းရပ်တန့်နေပြီး ကုမ္ပဏီရဲ့လက်ရှိအဓိက၀င်ငွေဖြစ်တဲ့ ကြော် ငြာကရတဲ့ဝင်ငွေပမာဏကလည်း ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အွန်လိုင်းကြော်ငြာဈေးကွက် သိသိသာသာကြီးထွားခဲ့ပေ မယ့် တွစ်တာဟာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)