အိုမင်းမှုကို ပြောင်းပြန်လှန်မယ့် ဖော်မြူလာ တွေ့ပြီ

0
369

လူသားတွေရဲ့အိုမင်းမှုဖြစ်စဉ်ဖြစ်တဲ့ ဇရာကိုပြောင်းလှန်မယ့် ထူးထူးခြားခြား ဆေးဖော်မြူလာကို ဖြစ်စေနိုင်တဲ့တွေ့ရှိမှု တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါဆေးဝါးက ဒီအန်အေကို အံ့သြစရာကောင်းလောက်အောင် ပြန်ပြုပြင်ပေးနိုင်ပြီး မားစ်ဂြိုလ်ပေါ်က နာဆာအာကာသ ယာဉ်မှူးတွေကိုတောင် ဆိုရာရောင်ခြည် ဖြာထွက်မှုကနေ ကာကွယ်ပေးနိုင်ဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

ဆဲလ်အိုမင်းမှုဖြစ်စဉ်နဲ့ ဒီအန်အေ ပြန်ပြုပြင်မှုဖြစ်စဉ်တွေရဲ့အဓိကအချက်ပြဖြစ်စဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်မှာ သုတေ သီတစ်စုဟာ အဆိုပါဆေးဝါးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာတော့ အဆိုပါဆေးက အသက်ကြီးရင့်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည် ဖြာထွက်မှုထိတွေ့မှုတွေကြောင့် ဒီအန်အေပျက်စီးမှုကို တိုက်ရိုက်ပြုပြင်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

“ ရက်သတ္တပတ်တပတ်အကြာ ဒီဆေးနဲ့ကုသပေးပြီးနောက်မှာ အိုမင်းနေတဲ့ကြွက်နဲ့ ငယ်ရွယ်တဲ့ ကြွက်ကရတဲ့ ဆဲလ်တွေကို ခွဲခြား လို့ မရနိုင်တော့ပါဘူး” လို့ အဆိုပါသုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ်ဆင်းကရဲယာ က ပြောဆိုခဲ့ပါတယ်။

အဆိုပါဆေးဝါးကို လာမယ့်ခြောက်လအတွင်းမှာ လူသားတွေနဲ့စမ်းသပ်မှု စတင်ပြုလုပ်မှာဖြစ်ပါတယ်။

တကယ်လို့ စမ်းသပ်မှုအောင်မြင်ခဲ့မယ်ဆိုရင်တော့ လူသားတွေအသုံးပြုဖို့ ထိရောက်ပြီး ဘေးအန္တရာယ်ကင်းတာ သေချာအောင် သုံးနှစ်ကနေ ငါးနှစ်အထိ ထပ်ပြီး လေ့လာစမ်းသပ်ကြရဦးမှာ ဖြစ်ပါတယ်လို့ ပါမောက္ခဒေးဗစ်ဆင်ကရဲယာက ဆက်လက်ပြောဆို ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)