ယူကရိန်းရှိ စစ်လက်နက်သိုလှောင်ရုံ ဖောက်ခွဲခံရ

0
248

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဘလက်လီယာမြို့မှာရှိတဲ့ စစ်အခြေစိုက် စခန်းက စစ်လက်နက်သိုလှောင်ရုံကို အဖျက်သမားတွေက ဖောက်ခွဲဖျက်ဆီးလို့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

မနေ့က မတ်လ ၂၃ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ သောင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လက်နက်သိုလှောင်ရုံမှာ ကျည်ဆန်နဲ့ ခဲယမ်းမီးကျောက် တန်ချိန် ၁ သောင်း ၃ ထောင်ကျော် သိုလှောင်ထားတာပါ။

လက်နက်သိုလှောင်ရုံကို အဖျက်သမားတွေက တမင် ဖောက်ခွဲဖျက်စီးခဲ့တာဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနဲ့ အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးနေကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီး စတီပန် ပိုလ်တိုရက်ခ်က ပြောပါတယ်။

ဘာလက်လီယာမြို့ဟာ ယူကရိန်းနဲ့ ရုရှားကို ထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေ တိုက်ပွဲဖြစ်ပွားရာ မိုင်အနည်းငယ်အတွင်းမှာ တည်ရှိပါတယ်။ မောင်းသူမဲ့လေယာဉ်ကို အသုံးပြုပြီး လက်နက်သိုလှောင်ရုံကို ဖောက်ခွဲတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)