ရွှေ့ပြောင်းအခြေချသူ ၂၀၀ ကျော် သင်္ဘောနစ်မြစ်မှုကြောင့် သေဆုံးဖွယ်ရှိ

0
381

ရွှေ့ပြောင်းအခြေချသူ လူပေါင်း ၂၀၀ကျော်ဟာ လစ်ဗျားကမ်းခြေမှာ သင်္ဘောနစ်မြှပ်မှုကြောင့် ရေနစ်သေဆုံးဖွယ်ရှိကြောင်း စပိန်ထောက်ပံ့ကူညီရေးအဖွဲ့တစ်ခုက ပြောဆိုလိုက်ပါတယ်။

လူပေါင်း တစ်ရာကျော်တင်ဆောင်နိုင်တဲ့ သင်္ဘောနှစ်စင်းနှစ်မြှပ်ခဲ့တဲ့အနီးမှာ အလောင်းငါးလောင်း ဆယ်ယူခဲ့ကြောင်း အဆိုပါ ထောက်ပံ့ရေးအဖွဲ့ ပရိုအက်တီဗာအိုပင်းအမ်းအဖွဲ့က ပြောပါတယ်။

အဆိုပါကူညီရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လော်ရာလန်နူဇာက ရေနစ်သေဆုံးခဲ့ပုံရတဲ့ လူငယ်တွေကို မက်ဒီတာရေနီးယန်းပင်လယ် ထဲကနေ သူတို့အဖွဲ့ဆယ်ယူပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ကယ်ဆယ်ရေးမှာ ကူညီပေးခဲ့တဲ့ အီတလီကမ်းခြေစောင့်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ငါးဦးသေဆုံးမှုကို အတည်ပြုပေးခဲ့ပါ တယ်။ ဒါပေမဲ့ စပိန်ထောက်ပံ့ကူညီရေးအဖွဲ့ကပြောတဲ့ ခန့်မှန်းသေဆုံးသူအရေအတွက်ကို သူတို့အနေနဲ့ အတည်မပြုပေးနိုင်ကြောင်း အီတလီကမ်းခြေစောင့်အဖွဲ့က ဆိုပါတယ်။

သူတို့အနေနဲ့ ကယ်ဆယ်ဖို့အချက်ပြအကူအညီတောင်းခံမှုကို ဘယ်သင်္ဘောကမှမရ ရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မှောင်ခိုသမားတွေက သင်္ဘောပေါ်မှာ လူအများအပြားပိုတင်လေ့ရှိတာကြောင့် ရွှေ့ပြောင်းအခြေချသူအနည်းဆုံး ၂၄၀ဦးခန့် ရှိနိုင်ကြောင့် မစ္စလော်ရာလန်နူဇာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)