ဆိုက်ဘာလုံခြုံရေးနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေ သဘောတူ

0
313

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ပထမအကြိမ် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကနေ ဆိုက်ဘာလုံခြုံရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးတို့နဲ့ ပတ်သက်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ အဲဒီ ဘင်းမ်စတက် အစည်းအဝေးကို မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။

အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရှရီ အာဂျစ် ဒိုဗာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ အဲဒီအစည်းအဝေးမှာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ အကြား အချက်အလက် မျှဝေရေးနဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ တည်ထောင်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ ပူးပေါင်း တိုးမြှင့် ဆောက်ရွက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

အစည်းအဝေး အပြီးမှာ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံ အကြံပေး ပုဂ္ဂိုလ်တွေနဲ့ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မိုဒီတို့ တွေ့ဆုံကြပါတယ်။

ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းတို့ ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)