ဝက်မင်စတာ အကြမ်းဖက်သမား အမည် လန်ဒန်ရဲတပ်ဖွဲ့ ထုတ်ဖော်ပြီ

0
284

ဗြိတိန်ပါလီမန် အဆောက်အဦနားမှာ မတ်လ ၂၂ ရက်နေ့က လမ်းပေါ်သွားလာနေသူတွေကို ကားနဲ့လိုက်တိုက်ပြီး ရဲအရာရှိ တစ်ဦးကိုလည်း ဓားနဲ့ထိုးခံခဲ့ ရတဲ့ တိုက်ခိုက်မှုမှာ ကျုးလွန်သူ တရားခံဖြစ် သူရဲ့အမည်ဟာ ခါလစ်မာစ်ဆူးဒ် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

တရားခံမာစ်ဆူးဒ်ဟာ လက်ရှိအချိန်မှာ ရဲပြစ်ချက် မရှိပေမယ့်လည်း အရင်က ကျုးလွန်ခဲ့တဲ့ ပြစ်မှုဟောင်းတွေ ရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။
အသက် ၅၂ နှစ်အရွယ် တရားခံဟာ အင်္ဂလန်နိုင်ငံအလယ် အနောက်ပိုင်းက ၀က်စ်မစ်လန်ဒ်မှာနေထိုင်သူဖြစ်ကြောင်း သိရှိရပါတယ်။

အိုင်အက်စ်အဖွဲ့က အဆိုပါတိုက်ခိုက်မှုဟာ သူတို့ရဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုထဲမှာ ပါဝင်ပတ်သက်သူလို့ ယူဆရတဲ့ နောက်ထပ် လူ ၈ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

အခုကျုးလွန်တဲ့အကြမ်းဖက်မှုကို ဘာကြောင့်လုပ်ဆောင်ခဲ့တယ်ဆိုတာ ထောက်လှမ်းရေးသတင်းမရရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့က ယခင်ပြစ်မှုဟောင်းတွေကြောင့် တရားခံမာစ်ဆူးဒ်ကို သိရှိထားပါတယ်။

ယခင်က ပြည်သူ့စည်းကမ်းချိုးဖောက်မှု၊ လက်နက် ကိုင်ဆောင်မှုတွေနဲ့ ရဲတပ်ဖွဲ့က မာစ်ဆူးစ်ကို အရေးယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုရာဇ၀င်တော့ မရှိခဲ့ဘူးကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)