ဒဏ်ရာပြဿနာကြောင့် ထပ်မံအနား ယူရဖွယ်ရှိတဲ့ ဟာဆက်

0
117

ရီးရဲမက်ဒရစ် ကွင်းလယ်လူ ဟာဆက်ဟာ လီဗန်တေးနဲ့ ကစားတဲ့ လာလီဂါပွဲစဉ်မှာ ကွင်းထဲက ထွက်ခွာသွားခဲ့ရတဲ့အတွက် ဒဏ်ရာပြဿနာကို ဆက်လက်ရင်ဆိုင်ရဖွယ် ရှိပါတယ်။ 

ဟာဆက်ဟာ ချဲလ်ဆီးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီးချိန် နောက်ပိုင်းကတည်းက ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဟာဆက်ဟာ ဒဏ်ရာပြဿနာကြောင့် မန်စီးတီးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း ပါဝင်ဖို့ မရေမရာဖြစ်နေပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ ဟာဆက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီးနောက် လက်ရှိရာသီမှာ အသင်းအတွက် ၁၀ ပွဲသာ ပါဝင်ကစားခွင့် ရထားပါတယ်။ 






 

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)