လူ ၁၈ ဦးေသဆံုးေစခဲ့တဲ့ ဆုိမာလီယာ သမၼတ ရံုးနား ကားဗံုးေပါက္ကြဲမႈ

0
946

ဆုိမာလီႏိုင္ငံ  ၿမိဳ႕ေတာ္ မုိဂါဒစ္ရွုးမွာ ၾကီးမားတဲ့ ေပါက္ကြဲမႈ ႏွစ္ခုျဖစ္ခဲ့တာေၾကာင့္ အနည္းဆံုး လူ ၁၈ ဦးေသဆံုးကာ  ဒါဇင္ခ်ီ ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ေပါက္ကြဲမႈ ႏွစ္ခုအနက္  တစ္ခု က ဆုိမာလီယာ သမၼတ  ရံုး ဂိတ္တံခါးမွာျဖစ္ခဲ့ၿပီးေနာက္တစ္ခုက  ႏိုင္ငံေထာက္လွမ္းေရးေအဂ်င္စီ ရံုးအနီးမွာေပါက္ကြဲခဲ့တာျဖစ္ပါတယ္။

တုိက္ခုိက္ခဲ့သူ ၅ ဦး ကို ပစ္ခတ္သတ္ျဖတ္ခဲ့တယ္လုိ႔ ဆုိမာလီယာ  အစိုးရတာဝန္ရွိသူေတြကေျပာပါတယ္။  ဆုိမာလီယာရဲ႕  ကုလသမဂၢေထာက္ခံထားတဲ့ အစိုးရကို ဆန္က်င့္ေနတဲ့  အစၥာလမ္စစ္ အဖြဲ႔ အစည္းအယ္ရွာဘတ္ က အဲဒီ တုိက္ခုိက္မႈ ႏွစ္ခု ဟာ သူတုိ႔လက္ခ်က္ျဖစ္တယ္လို႔ ေျပာထားပါတယ္။

ဆုိမာလီယာျပည္ထဲေရးဝန္ႀကီးက မုိဒါဒစ္ရွုးၿမိဳ႕မွာ ကားဗံုးခြဲ တုိက္ခုိက္မႈေတြကို  သတိေပးမႈေတြလုပ္ခဲ့ၿပီိးေနာက္တစ္ရက္ အၾကာမွာ တုိက္ခုိက္မႈျဖစ္လာခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ ၁၈ ဦးသေဆုံးစေခဲ့တဲ့ ဆိုမာလီယာ သမ္မတ ရုံးနား ကားဗုံးပေါက်ကွဲမှု

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးမှာ ကြီးမားတဲ့ ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးကာ ဒါဇင်ချီ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ပေါက်ကွဲမှု နှစ်ခုအနက် တစ်ခု က ဆိုမာလီယာ သမ္မတ ရုံး ဂိတ်တံခါးမှာဖြစ်ခဲ့ပြီးနောက်တစ်ခုက နိုင်ငံထောက်လှမ်းရေးအေဂျင်စီ ရုံးအနီးမှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့သူ ၅ ဦး ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုမာလီယာ အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ ဆိုမာလီယာရဲ့ ကုလသမဂ္ဂထောက်ခံထားတဲ့ အစိုးရကို ဆန်ကျင့်နေတဲ့ အစ္စာလမ်စစ် အဖွဲ့ အစည်းအယ်ရှာဘတ် က အဲဒီ တိုက်ခိုက်မှု နှစ်ခု ဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။

ဆိုမာလီယာပြည်ထဲရေးဝန်ကြီးက မိုဒါဒစ်ရှုးမြို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှုတွေကို သတိပေးမှုတွေလုပ်ခဲ့ပြိီးနောက်တစ်ရက် အကြာမှာ တိုက်ခိုက်မှုဖြစ်လာခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)