မက္ကဆီကို မှာ ကုန်ကားထဲတင်ဆောင်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၁၀၀ ကျော်ကိုကယ်ဆယ်ခဲ့ရ

0
871






>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို မှာ ကုန်ကားထဲတင်ဆောင်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၁၀ဝ ကျော်ကိုကယ်ဆယ်ခဲဲ့ရ

အမေရိကန်-မက္ကဆီကို နယ်စပ်အနီး မက္ကဆီကို မြောက်ပိုင်းမှာ မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကုန် ကားတစ်စီးပေါ် တရားမဝင်တင်ဆောင်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ တွေကိုကယ်ဆယ် ခဲ့ကြရ ပါ တယ်။

အဲ့ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ဒါဇင်ကျော် အပါအဝင် ဗဟိုအမေရိက နိုင်ငံတွေဖြစ်ကြတဲ့ ဟွန်ဒူးရပ်စ် ၊ ဂွာတီမာလာ ၊ အယ်လ်ဆာဗေးဒေါ စတဲ့ နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူ ၁၀ဝကျော် က ကုန်တင်ကားထဲ လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီကားထဲမှာ မွန်းကြပ်မှုတွေနဲ့ ရေဓါတ်ခမ်းခြောက်မှုဒဏ်တွေကိုခံ စားခဲ့ကြရတာပဲ ဖြစ်ပါတယ်။ သူတို့ကို ကင်းလှည့်စစ်သားတွေကတွေ့ရှိပြီး ကယ်ဆယ်ခဲ့ကြရတာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုနဲ့ အကြမ်းဖက်ခံရမှုတွေကြောင့် ဗဟိုအမေရိက နိုင်ငံတွေက ထောင်ပေါင်းများစွာ ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ကုန်ကူးတွေလူတွေကနေတစ်ဆင့် အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာပဲ မက္ကဆီကိုနိုင်ငံမှာ ကုန်ကားနောက်တွဲထဲကနေ တွေ့ရှိရတဲ့ ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူ ၈၀ဝ ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)