ျပင္သစ္ ပန္းခ်ီေက်ာ္ ေဒးဂတ္စ္ရဲ႕ အခိုးခံရတဲ့ ပန္းခ်ီကား ဘတ္စ္ကားေပၚမွာ ျပန္ေတြ႔

0
944

ျပင္သစ္ႏိုင္ငံ၊ မာဆီလီ ျပတိုက္ကေန အခိုးခံလိုက္ရတာ ၉ ႏွစ္ၾကာၿပီျဖစ္တဲ့ ျပင္သစ္ ပန္းခ်ီေက်ာ္ အက္ဒ္ဂါ ေဒးဂတ္စ္ရဲ႕ ‘ေအာ္ပရာ အဆိုေတာ္မ်ား’ ပန္းခ်ီကားကို ရပ္ထားတဲ့ ဘတ္စ္ကား တစ္စီးေပၚမွာ ျပန္ေတြ႔ခဲ့ပါတယ္။

ေဒးဂတ္က အဲဒီ ပန္းခ်ီကားကို ၁၈၇၇ ခုႏွစ္မွာ ေရးဆြဲခဲ့တာ ျဖစ္ၿပီး အေကာက္ခြန္ အရာရွိေတြက ပါရီၿမိဳ႕ အျပင္ဘက္ ေဆနီ အက္ မာေနးမွာ ရပ္ထားတဲ့ ဘတ္စ္ကားကို စစ္ေဆးစဥ္ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔က ျပန္လည္ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ကားေပၚက လက္ဆြဲအိတ္ တစ္လံုးထဲမွာ ေဒးဂတ္စ္ လက္မွတ္ထိုးထားတဲ့ ပန္းခ်ီကားကို ေတြ႔ရွိခဲ့တာျဖစ္ၿပီး ဘယ္ခရီးသည္ကမွ ပိုင္ဆိုင္တယ္လို႔ မေျပာၾကေၾကာင္း ျပင္သစ္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ေျပာပါတယ္။ ပန္းခ်ီကားကို ေအာ္ေဆး ျပတိုက္က ပိုင္ဆိုင္တာျဖစ္ၿပီး မာဆီလီျပတိုက္ကို ေခတၱ ငွားထားခ်ိန္ ၂၀၀၉ ခုႏွစ္မွာ အခိုးခံရတာ ျဖစ္ပါတယ္။ ေအာ္ေအး ျပတိုက္က စစ္ေဆးၿပီးေနာက္ ေဒးဂတ္စ္ရဲ႕ လက္ရာအစစ္ျဖစ္တယ္လို႔ အတည္ျပဳပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ် ပန်းချီကျော် ဒေးဂတ်စ်ရဲ့ အခိုးခံရတဲ့ ပန်းချီကား ဘတ်စ်ကားပေါ်မှာ ပြန်တွေ့

ပြင်သစ်နိုင်ငံ၊ မာဆီလီ ပြတိုက်ကနေ အခိုးခံလိုက်ရတာ ၉ နှစ်ကြာပြီဖြစ်တဲ့ ပြင်သစ် ပန်းချီကျော် အက်ဒ်ဂါ ဒေးဂတ်စ်ရဲ့ ‘အော်ပရာ အဆိုတော်များ’ ပန်းချီကားကို ရပ်ထားတဲ့ ဘတ်စ်ကား တစ်စီးပေါ်မှာ ပြန်တွေ့ခဲ့ပါတယ်။

ဒေးဂတ်က အဲဒီ ပန်းချီကားကို ၁၈၇၇ ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပြီး အကောက်ခွန် အရာရှိတွေက ပါရီမြို့ အပြင်ဘက် ဆေနီ အက် မာနေးမှာ ရပ်ထားတဲ့ ဘတ်စ်ကားကို စစ်ဆေးစဉ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကားပေါ်က လက်ဆွဲအိတ် တစ်လုံးထဲမှာ ဒေးဂတ်စ် လက်မှတ်ထိုးထားတဲ့ ပန်းချီကားကို တွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်ခရီးသည်ကမှ ပိုင်ဆိုင်တယ်လို့ မပြောကြကြောင်း ပြင်သစ် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။ ပန်းချီကားကို အော်ဆေး ပြတိုက်က ပိုင်ဆိုင်တာဖြစ်ပြီး မာဆီလီပြတိုက်ကို ခေတ္တ ငှားထားချိန် ၂၀ဝ၉ ခုနှစ်မှာ အခိုးခံရတာ ဖြစ်ပါတယ်။ အော်အေး ပြတိုက်က စစ်ဆေးပြီးနောက် ဒေးဂတ်စ်ရဲ့ လက်ရာအစစ်ဖြစ်တယ်လို့ အတည်ပြုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)