ၾသစေၾတးလ်မွာ ဖိနပ္ အရံ ၂ ေထာင္ေက်ာ္ ခိုးသူ ဖမ္းမိ

0
861

ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕မွာ ရဲေတြက စီးနင္းရွာေဖြရာ ဖိနပ္ အရံ ၂၄၁၆ ရံ ခိုးယူထားသူေတြကို ေတြ႔ရွိ ဖမ္းဆီးခဲ့ပါတယ္။

လုပ္ငန္းခြင္သံုး ဖိနပ္ေတြနဲ႔ ပတၱဴဖိနပ္ေတြကို အသက္ ၄၃ ႏွစ္အရြယ္ရွိ လူတစ္ဦးက ၆ ႏွစ္အတြင္းမွာ အလစ္သုတ္ထားတာ ျဖစ္ပါတယ္။ ဖိနပ္ေတြက အေကာင္းစားခ်ည္းေတြ မဟုတ္ေပမယ့္ ဖိနပ္ပိုင္ရွင္ေတြ အေနနဲ႔ လာေရြးယူၾကဖို႔ ရဲေတြက ေၾကညာထားပါတယ္။ မနက္ျဖန္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ အစ္ပင္ ေအာက္ေမ့ဖြယ္ခန္းမမွာ  ဖိနပ္ေတြကို ထားေပးမွာ ျဖစ္ၿပီး ပိုင္ရွင္ေတြ အေနနဲ႔ လာေရြးယူႏိုင္မွာ ျဖစ္ပါတယ္။

ဖိနပ္အလစ္သုတ္သူက သူေနထိုင္ရာ ၂၅ ကီလိုမီတာ ဝန္းက်င္ရွိ ဒိုရင္း၊ မန္ဒါ၊ ဝပ္ဆိုနီယာနဲ႔ ကရစ္ဂီဘန္းရွိ ေနအိမ္ေတြ အျပင္ဘက္မွာ ခြ်တ္ထားတဲ့ ဖိနပ္ေတြကို ပစ္မွတ္ထား ခိုးယူတာ ျဖစ္ပါတယ္။ ဖိနပ္ေတြ ခဏခဏေပ်ာက္လို႔ ရဲေတြက ရွာေဖြဝရမ္းထုတ္ထားခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျမှာ ဖိနပ် အရံ ၂ ထောင်ကျော် ခိုးသူ ဖမ်းမိ

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ရဲတွေက စီးနင်းရှာဖွေရာ ဖိနပ် အရံ ၂၄၁၆ ရံ ခိုးယူထားသူတွေကို တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။

လုပ်ငန်းခွင်သုံး ဖိနပ်တွေနဲ့ ပတ္တူဖိနပ်တွေကို အသက် ၄၃ နှစ်အရွယ်ရှိ လူတစ်ဦးက ၆ နှစ်အတွင်းမှာ အလစ်သုတ်ထားတာ ဖြစ်ပါတယ်။ ဖိနပ်တွေက အကောင်းစားချည်းတွေ မဟုတ်ပေမယ့် ဖိနပ်ပိုင်ရှင်တွေ အနေနဲ့ လာရွေးယူကြဖို့ ရဲတွေက ကြေညာထားပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နေ့ အစ်ပင် အောက်မေ့ဖွယ်ခန်းမမှာ ဖိနပ်တွေကို ထားပေးမှာ ဖြစ်ပြီး ပိုင်ရှင်တွေ အနေနဲ့ လာရွေးယူနိုင်မှာ ဖြစ်ပါတယ်။

ဖိနပ်အလစ်သုတ်သူက သူနေထိုင်ရာ ၂၅ ကီလိုမီတာ ဝန်းကျင်ရှိ ဒိုရင်း၊ မန်ဒါ၊ ဝပ်ဆိုနီယာနဲ့ ကရစ်ဂီဘန်းရှိ နေအိမ်တွေ အပြင်ဘက်မှာ ချွတ်ထားတဲ့ ဖိနပ်တွေကို ပစ်မှတ်ထား ခိုးယူတာ ဖြစ်ပါတယ်။ ဖိနပ်တွေ ခဏခဏပျောက်လို့ ရဲတွေက ရှာဖွေဝရမ်းထုတ်ထားခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)