အဂၤလန္မွာ ကိုယ္အေလးခ်ိန္ ၁၆ ေပါင္ရွိ အမႊာ ေမြးဖြား

0
884

အမႊာေတြထဲမွာ ကိုယ္အေလးခ်ိန္ အမ်ားဆံုးျဖစ္တဲ့ အေလးခ်ိန္ ၁၆ ေပါင္ ၃ ေအာင္စရွိ အမႊာကို အဂၤလန္မွာ ေမြးဖြားခဲ့ပါတယ္။

ပံုမွန္အားျဖင့္ အမႊာေတြရဲ႕ အေလးခ်ိန္က ၅ ေပါင္ ျဖစ္လို႔ အသက္ ၂၆ ႏွစ္အရြယ္ ႐ိုစီ အီဗန္စ္လည္း သူေမြးမယ့္ အမႊာက ပံုမွန္ပဲလို႔ ထင္ထားခဲ့ပါတယ္။ တကယ္ ေမြးလာတဲ့အခါမွာေတာ့ ၁၆ ေပါင္ ၃ ေအာင္စရွိေနၿပီး ပံုမွန္ အမႊာေတြထက္ ၃ ဆ အေလးခ်ိန္ မ်ားပါတယ္။ အရင္က ကိုယ္အေလးခ်ိန္ အမ်ားဆံုးလို႔ စံခ်ိန္တင္ထားတဲ့ အမႊာထက္ ၁ ေအာင္စ ပိုမ်ားပါတယ္။

အမႊာထဲမွာ အႀကီးေလးျဖစ္တဲ့ အန္တိုနီ အီဗန္စ္က ၇ ေပါင္ ၁ ေအာင္စျဖစ္ၿပီး ၁၁ မိနစ္ျခားၿပီးေမြးတဲ့ ဂြ်န္နီက ၉ ေပါင္ ၂ ေအာင္စ ျဖစ္ပါတယ္။ သူတို႔ကို လန္ဒန္ အေနာက္ပိုင္း ဟီလင္ဒန္ ေဆး႐ံုမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ဒုတိယကေလး ဂြ်န္နီကိုေတာ့ အသက္လုၿပီး ခက္ခက္ခဲခဲ ေမြးခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်္ဂလန်မှာ ကိုယ်အလေးချိန် ၁၆ ပေါင်ရှိ အမွှာ မွေးဖွား

အမွှာတွေထဲမှာ ကိုယ်အလေးချိန် အများဆုံးဖြစ်တဲ့ အလေးချိန် ၁၆ ပေါင် ၃ အောင်စရှိ အမွှာကို အင်္ဂလန်မှာ မွေးဖွားခဲ့ပါတယ်။

ပုံမှန်အားဖြင့် အမွှာတွေရဲ့ အလေးချိန်က ၅ ပေါင် ဖြစ်လို့ အသက် ၂၆ နှစ်အရွယ် ရိုစီ အီဗန်စ်လည်း သူမွေးမယ့် အမွှာက ပုံမှန်ပဲလို့ ထင်ထားခဲ့ပါတယ်။ တကယ် မွေးလာတဲ့အခါမှာတော့ ၁၆ ပေါင် ၃ အောင်စရှိနေပြီး ပုံမှန် အမွှာတွေထက် ၃ ဆ အလေးချိန် များပါတယ်။ အရင်က ကိုယ်အလေးချိန် အများဆုံးလို့ စံချိန်တင်ထားတဲ့ အမွှာထက် ၁ အောင်စ ပိုများပါတယ်။

အမွှာထဲမှာ အကြီးလေးဖြစ်တဲ့ အန်တိုနီ အီဗန်စ်က ၇ ပေါင် ၁ အောင်စဖြစ်ပြီး ၁၁ မိနစ်ခြားပြီးမွေးတဲ့ ဂျွန်နီက ၉ ပေါင် ၂ အောင်စ ဖြစ်ပါတယ်။ သူတို့ကို လန်ဒန် အနောက်ပိုင်း ဟီလင်ဒန် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကလေး ဂျွန်နီကိုတော့ အသက်လုပြီး ခက်ခက်ခဲခဲ မွေးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)